အသစ်သော မွေးဘွားခြင်း
ဖတ်ရန်ကျမ်းချက်များ။ ယော၊ ၃း၁-၂၁။ယော၊ ၁း၁ဝ-၁၃။ယော၊ ၈း၃၂-၄၄။

သော့ချက် ကျမ်းပိုဒ်။  "ယေရှုက၊ ဒုတိယမွေးခြင်းကို မခံ သောသူမည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်ကို မမြင်ရဟု ငါအမှန်အကန်ဆိုသည်ဟု ပြန်၍မိန့်တော်မူ၏'' (ယော၊ ၃း၃)

ယခင် သင်ခန်းစာ၌ ဤကမ္ဘာကြီးတွင် အိမ်ထောင်စု နှစ်စုသာလျှင်ရှိကြောင်း လေ့လာခဲ့ရပြီး ဖြစ်သည်။ ပဌမ လူ အာဒံ သည် အိမ်ထောင်စု တခု၏ ဦးခေါင်းဖြစ်သည်။ ဘုရားသခင်၏ဒုတိယလူ ဖြစ်သော ခရစ်တော်သည် အခြား အိမ်ထောင်တခု၏ ဦးခေါင်းဖြစ်သည်။

အချို့သော လူများယူဆကြသည်မှာ ဘုရားသခင်သည် လူသားအားလုံး၏ ဘခင်ဖြစ်သည်။ သို့သော် ဤအယူအဆ သည် မှန်ကန်ခြင်းမရှိပါ။ ခရစ်တော်၏အိမ်ထောင်စု၌ ရှိသောသူများသာလျှင် ဘုရားသခင်သည် သူတို့၏ ဘခင် ဖြစ်သည်။ အာဒံ၏အိမ်ထောင်စုဝင်များ၏ဝိညာဉ်ရေးရာ ဘခင်သည် စာတန်ဖြစ်သည်။ လူသားအားလုံး၏ဘခင်သည် ဘုရားသခင် မဟုတ် ကြောင်း သခင်ယေရှု မြွက်ဆိုခဲ့၏။

တနေ့သောအခါ သခင်ယေရှုသည် ယေရုရှလင်မြို့၌ အချို့သော ဘာသာရေးသမားနှင့် စကားပြောဆိုခဲ့၏။ ဤသူများက ဘုရားသခင်သည် သူတို့၏ဘခင်ဖြစ်ကြောင်း ပြောဆိုကြ၏။ သို့သော် သူတို့၏စိတ်နှလုံးသည် ဆိုးညစ်ပြီ၊ ယေရှု ကိုမုန်း၍ သတ်ရန် အလိုရှိကြ၏။ ယေရှုသည် သူတို့၏စိတ်တွင် ဘာရှိသည်ကို သိတော်မူပြီ၊ သူတို့ကို မြွက်ဆိုသည်မှာ '' ယေရှုကလည်း၊ ဘုရားသခင်သည် သင်တို့အဘမှန်လျှင်၊ သင်တို့သည်ငါ့ ကိုချစ်ကြလိမ့်မည်။ အကြောင်းမူကား၊ ငါသည် ဘုရားသခင်အထံတော်မှ ထွက်ြ<ွကရောက်လာ၏။ ကိုယ်အလိုအလျှောက် လာသည်မဟုတ်။ ဘုရားသခင်သည် ငါ့ကို စေလွှတ် တော်မူ၏။''ဟုဆို၏။(ယော၊ ၈း၄၂)
သခင်ယေရှု မြွက်ဆိုရာ၌ '' ဘုရားသခင်သည် သင်တို့အဘ မှန်လျှင်...'' ဘုရားသခင်သည် သူတို့၏ ဘခင် မဟုတ် ကြောင်းကို ယေရှုသည် ရိုးရှင်းစွာ ဖေါ်ပြတော်မူ၏။ ထိုထက် သာ၍ရှင်းလင်းစွာ နားလည်ရန်အတွက် သူက ထိုသူများ၏ ဝိညာဉ်ရေးရာ ဘခင်သည် မည်သူဖြစ်ကြောင်းကို ပြောကြားတော်မူ၏။ သူက '' သင်တို့သည် သင်တို့အဘတည်းဟူသော မာရ်နတ်မှ ဆင်းသက်ကြ၏။ သင်တို့အဘ၏ အလိုသို့လည်း လိုက်တတ်ကြ၏...'' ဟုဆို၏။(ယော၊ ၈း၄၄)။ ထို့ကြောင် သူတို့ အဘသည် ဘုရားသခင် မဟုတ်၊ သူတို့၏အဘသည် စာတန်ဖြစ်သည်။
သခင်ယေရှု၌ ယုံကြည်လက်ခံခြင်းမရှိကြသော သူများ အားလုံးတို့သည်လည်း ထိုနည်းတူဖြစ်သည်မှာ အမှန်ဖြစ်သည်။ သခင်ယေရှုသည် ကျွန်ုပ်တို့အယောက်တိုင်း ဘုရားသခင်၏သားသမီးများဖြစ်လာရန်အတွက် သူသည် ပြုလုပ်ပေးခဲ့ပြီ၊ ဖြစ်သော ကြောင့် မည်သူတယောက်မျှ စာတန်၏အိမ်ထောင်စုထဲ၌ ကျန်ရှိနေရန် အလိုမရှိပါ။ ကျမ်းစာက ဤသို့ ဖြစ်ခြင်းကို ''ဒုတိယ မွေးခြင်း'' ဟု ခေါ်သည်။ ကျွန်ုပ်တို့သည် ဒုတိယမွေးခြင်း၏အဓိပ္ပါယ်ကို နားလည်ရန် ဆက်ကြည့်ကြမည်။



သင်သည် တဖန်မွေးခြင်းကို အမှန်ခံရမည်

ရှင်ယောဟန် ခရစ်ဝင်ကျမ်း တတိယအခန်း၌ သခင်ယေရှုနှင့် ပြောဆိုရန် ညအချိန်တွင်လာခဲ့သော နိကောဒင်၏ အကြောင်း မှတ်တမ်းတင်ထားခြင်းကို ကျွန်ုပ်တို့ဖတ်ခဲ့ကြရသည်။ ဤသူသည် ဖာရိရှဲ အဖွဲ့ဝင်ဖြစ်ပြီး၊ ထိုအခါက ဘာသာရေး၌ စိတ်အားကြီးသော အဖွဲ့ တဖွဲ့ဖြစ်သည်။ နိကောဒင်သည် ယုဒတရားဇရပ်သို့ သစ္စာရှိစွာ တက်ရောက်သည်။ သူသည်များစွာ ဆုတောင်း၏။ သူသည် ပုံမှန် အလှူငွေ ပေးလှူ၏။ သူသည် ကောင်းမှုများစွာ ပြု၏။ သူသည် ကျမ်းစာကို ကောင်းစွာ နား လည်၏။ သူသည် ယုဒလူတို့တွင် ဆရာတစ်ဦးဖြစ်၏။ သို့သော်လည်း သူသည် ယေရှုထံသို့ လာခဲ့၏။

နိကောဒင် လာရခြင်းအကြောင်းကို ကျွန်ုပ်တို့ အတိအကျမသိသော်လည်း သို့သော် ယေရှု၏အသက်တာ၌ ဘုရားသခင် ၏တန်ခိုးတော်ရှိကြောင်းကို သူ သိမှတ်တော်မူ၏။ ယေရှု၏ ကျမ်းစာမှ အချို့သော သွန်သင်ချက်အသစ်များက သူ၌ အထောက် အကူ ဖြစ်လိမ့်မည်ဟု နိကောဒင် ယူဆကောင်းယူဆပေလိမ့်မည်။ သို့သော် နိကောဒင်သည် သွန်သင်ခြင်းထက် သူ၌သာ၍ လိုအပ်သော အကြောင်းအရာအချို့မှာ သူသည် ဒုတိယမွေးခြင်းကို ခံရန် လိုအပ်ခြင်း ဖြစ်သည်။ ယေရှုက သူ့အား '' ဒုတိယမွေး ခြင်းကို မခံသော သူမည်သည်ကား၊ ဘုရားသခင်၏နိုင်ငံတော်ကို မမြင်ရဟု ငါအမှန်အကန် ဆိုသည်ဟု ပြန်၍မိန့်တော်မူ၏'' ဟု ဆိုသည်။(ယော၊ ၃း၃)
ဤမိန့်တော်မူခြင်းက သူ့အား တုန်လှုပ်စေ၏။ သူသည် ဘုရားသခင် ရွေးကောက်သော လူမျိုးတော်ဝင် ယုဒတစ်ဦး မဟုတ်ပေဘူးလား။ သူသည် အကျင့်ကောင်းသော သူတစ်ဦး မဟုတ်ပေဘူးလား။ သူသည် ယုဒလူတို့တွင် ကျမ်းဆရာ တစ်ဦး မ ဟုတ်ပေဘူးလား။ ဟုတ်ပေသည်။ နိကောဒင်သည် ထိုအရာ အားလုံးဖြစ်ပေ၏။ သို့သော် သူသည် အာဒံ၏အပြစ်သား မိသားစု ဝင်လည်း ဖြစ်နေသေး၏။ သူသည် ဘုရားသခင်၏သား တစ်ဦး မဟုတ်ပါ။
ယေရှုသည် နိကောဒင်အား တဖန်ထပ်၍ မြွက်ဆိုသည်မှာ '' ဇာတိပကတိမွေးသောအရာသည် ဇတိပကတိ ဖြစ်၏။ ဝိညာဉ်တော်မွေးသောအရာသည် ဝိညာဉ်ဖြစ်၏။- ဒုတိယမွေးခြင်းကိုခံရမည်ဟု ငါဟောပြောသည်ကို အံ့သြခြင်းမရှိနှင့်။''ဟု ဆို ၏။(ယော၊ ၃း၆-၇)

ဤနေရာ၌ သခင်ယေရှုက ဒုတိယမွေးခြင်းသည် ပကတိ မရှိမဖြစ် လိုအပ်ကြောင်းကို ကြေညာတော်မူ၏။ ဤကား နိကောဒင် တစ်ဦးတည်းကိုသာ မြွက်ဆိုနေခြင်း မဟုတ်ပါ။ လူ ပုဂ္ဂိုလ် အားလုံးကိုလည်း မြွက်ဆိုနေခြင်း ဖြစ်သည်။ ''သင်သည် မည်သူ မည်ဝါ ဖြစ်နေပါစေ။ ဒုတိယမွေးခြင်းကို ဧကန် အမှန်ခံရပေမည်''။ ကျွန်ုပ်တို့သည် ''အထက်အရပ်မှဖြစ်သော'' သန့်ရှင်း သော ဝိညာဉ်တော်အားဖြင့် ဒုတိယမွေးခြင်းကို ခံရပေမည်။ ဘုရားသခင်၏ သားသမီးလာဖြစ်ရန် အခြားသော နည်းလမ်းမရှိပါ။
 


ယုံကြည်ခြင်းသည် အသစ်မွေးဘွားခြင်း၌ မရှိမဖြစ် လိုအပ်သောအရာ ဖြစ်သည်
ကျွန်ုပ်တို့၏အပြစ်များအတွက် လက်ဝါးကပ်တိုင်ပေါ် အသေခံသော ယေရှုခရစ်၌ ယုံကြည်ခြင်းသည် အသစ်သော မွေး ဘွားခြင်း၌ လိုအပ်သော အရာ ဖြစ်သည်။ သခင်ယေရှုသည် နိကောဒင်အား ဣသရေလ၏သားသမီးများ တောထဲ၌ လှည့်လည်ခဲ့ စဉ်က သူတို့၌ ဖြစ်ပျက်ခဲ့သော အကြောင်းအရာ အချို့ကို့ သူ၌ အမှတ်ရစေရန် သတိရပေးခြင်းဖြင့် ရှင်းပြခဲ့၏။ လူများသည် တောထဲ၌ ဘုရားသခင်နှင့် မောရှေကို ဆန့်ကျင်ခဲ့ကြ၏။ ထိုကြောင့် ဘုရားသခင်သည် မီးမြွေကို သူတို့ထဲသို့စေလွှတ်ခဲ့၏။ မြွေ ကိုက်ခံရသော သူတို့သည် သေကြ၏။ လူများတို့သည် သူတို့၏အပြစ်ကို တောင်းပန်ပြီး သေခြင်းဘေးမှ လွှတ်မြောက်ရန် မောရှေ ထံ ငိုကျွေးခဲ့ကြ၏။
မောရှေသည် ဘုရားသခင်ထံ ဆုတောင်းတော်မူ၏။ ထာဝရဘုရားက မောရှေအား ကြေးဝါဖြင့် မြွေရုပ်ကို ပြုလုပ်ပြီး တိုင်ထိပ်တွင် ထားရှိရန်နှင့် ထိုသို့ လူတိုင်း မြော်ကြည်ခြင်းဖြင့် အသက်ရှင်ခြင်းသို့ ရောက်နိုင်မည့်အကြောင်း မိန့်မြွက်တော်မူ၏။ မောရှေသည် ဘုရားသခင် မိန့်တော်မူသည့်အတိုင်း ပြုတော်မူ၏။ ကျမ်းစာက ''မောရှေသည် ကြေးဝါဖြင့် မြွေကိုလုပ်၍ တိုင်ပေါ် မှာ မြှောက်ထားပြီးလျှင်၊ မြွေကိုက်သောသူ မည်သည်ကား ကြေးဝါမြွေကိုကြည့်ရှုသောအခါ အသက်ချမ်းသာရကြ၏။''ဟု ဆို၏။ (တော၊ ၂၁း၉)
ထိုနောက် ယေရှုက '' မောရှေသည် တော၌မြွေကို မြှောက်ထားသကဲ့သို့ လူသားသည် မြှောက်ထားခြင်းကိုခံရမည်။- အကြောင်းမူကား၊ ထိုသားတော်ကိုယုံကြည်သော သူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရမည် အကြောင်းတည်း။''ဟု ဆိုသည်။(ယော၊ ၃း၁၄-၁၅)
ဣသရေလ လူများသည် တိုင်ပေါ်တွင်ရှိသော ကြေးဝါမြွေကို ယုံကြည်ခြင်းဖြင့် မြှော်ကြည့်ရုံဖြင့် ကိုယ်ခန္ဓာ သေခြင်းမှ ကယ်တင်ခြင်းသို့ ရောက်ခဲ့ကြ၏။ ထိုကဲ့သို့ပင် လက်ဝါးကပ်တိုင်ပေါ် အသေခံသော ယေရှုကို ယုံကြည်ခြင်းဖြင့် မြှော်ကြည့်သော် ထာဝရသေခြင်းမှ ကယ်တင်ခြင်းသို့ ရောက်ကြရမည်။
အသစ်မွေးဘွားခြင်းသည် နှုတ်ကပတ်တော်နှင့်၎င်း ဝိညာဉ်တော်အားဖြင့်၎င်း ဖြစ်သည်
အသစ်သောမွေးခြင်း၌ သန့်ရှင်းသောဝိညာဉ်တော်သည် ထာဝရဘုရား၏နှုတ်ကပတ်တော်ကို အသုံးပြုခြင်းဖြင့် ပြုသော အမှုဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ကြားနာခြင်းနှင့်ယုံကြည်ခြင်း မရှိဘဲ မည်သူမျှ ဒုတိယတဖန်မွေးခြင်းကို မခံရ နိုင်ပါ။ သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ဆောင်ခြင်း မပါဘဲနှင့် မည်သူမျှ တဖန် ဒုတိယမွေးခြင်းကို မခံရနိုင်ပါ။ ဤနေရာ၌ ကျမ်းပိုဒ် အချို့အားဖြင့် ရှင်းလင်းစွာ နားလည်နိုင်သည်။
နှုတ်ကပတ်တော်
''နိမ္မိတသတ္တဝါတို့တွင် ငါတို့သည် အဦးသီးသောအသီးကဲ့သို့ ဖြစ်စေခြင်းငှါ၊ သမ္မာတရားစကားအားဖြင့် မိမိအလိုတော် အတိုင်း ငါတို့ကိုဖြစ်ဘွားစေတော်မူ၏'' (ယာ၊ ၁း၁၈)။
''မဖေါက်ပြန် မပျက်စီးတတ်သော မျိုးစေ့တည်းဟူသော အသက်ရှင်၍ အစဉ်အမြဲတည်တော်မူသော ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် ဖြစ်ဘွားသောကြောင့်၊....'' (၁ပေ၊ ၁း၂၃)။


ဝိညာဉ်တော်
''ဇာတိပကတိမွေးသောအ ရာသည် ဇတိပကတိဖြစ်၏။ ဝိညာဉ်တော်မွေး သောအရာသည်ဝိညာဉ်ဖြစ်၏'' (ယော၊၃း၆)။
အသစ်မွေးဘွားခြင်း၌ သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို အသုံးပြုတော်မူသည်။ လူ တစ်ဦးသည် အသစ်သောမွေးခြင်းကို မခံရမီ သူသည် အပြစ်သားတဦးဖြစ်ကြောင်း သူ သိမှတ်ရပေမည်။
သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို အသုံးပြု၍ ကျွန်ုပ်တို့သည် ကယ်တင်ရှင်ကို လိုအပ်သော အပြစ်သားများဖြစ်ကြောင်း ဖေါ်ပြတော်မူသည်။ ထိုနောက် သန့်ရှင်းသောဝိညာဉ်တော်သည် ထို နှုတ်ကပတ်တော် အားဖြင့် ကျွန်ုပ်တို့ လိုအပ်သော ကယ်တင်ရှင်သည် သခင်ယေရှုခရစ်တော် ဖြစ်ကြောင်း ဖေါ်ပြပေးသည်။


အသစ်သောမွေးဘွားခြင်းသည် ဘုရားသခင်က ဖြစ်ဘွားစေခြင်းဖြစ်သည်
အသစ်သောမွေးခြင်းဆိုင်ရာ ထပ်မံ၍ ရှင်းလင်းပြောဆိုချက်များကို ကြည့်ကြပါစို့။ ကျမ်းစာ၌ သခင်ယေရှုကို ကယ် တင်ရှင်အဖြစ် ယုံကြည်လက်ခံသောသူတိုင်းသည် ဒုတိယမွေးခြင်းကိုခံရသည်။ '' ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွား သော သား မဟုတ်။ မေထုန်သံဝါသ အားဖြင့်ဘွားသော သားမဟုတ်။ လူအလိုအလျောက် ဘွားသောသား မဟုတ်။ ဘုရားသခင် ဘွားတော်မူသော သားဖြစ် သတည်း''ဟု ဆိုသည်။(ယော၊ ၁း၁၃)
အသစ်သောမွေးဘွားခြင်းသည် လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသောသား မဟုတ်
အဓိပ္ပါယ်မှာ လူသား မိဘအားဖြင့် မဟုတ်ပါ။ မည်သူတယောက်မျှ ခရစ်ယာန် တစ်ဦးအဖြစ် ဤလောကကြီးထဲသို့ မွေးဘွားလာခဲ့ခြင်း မရှိပါ။ ခရစ်ယာန် မိဘ ရှိခြင်းသည် အံ့ဘွယ်ကောင်းပါသည်။ သို့သော် ဤအရာက ဘုရားသခင်၏သား ဖြစ် လာရန် မပြုလုပ်ပေးနိုင်ပါ။ ကျွန်ုပ်တို့ အယောက်စီတိုင်းသည် ဘုရားသခင်၏ အိမ်ထောင်မိသားစုထဲသို့ဝင်ရောက်ရန် တစ်ဦးစီ တိုင်း မွေးခြင်းကိုခံရမည်ဖြစ်သည်။


အသစ်သောမွေးဘွားခြင်းသည် မေထုန်သံဝါသအားဖြင့် ဘွားသောသား မဟုတ်
အဓိပ္ပါယ်မှာ လူ၏ကျိုးစားအားထုတ်မှုအားဖြင့် မိမိကိုယ်ကို ဘုရားသခင်၏သား ဖြစ်လာရန် မည်သူမျှ ပြုလုပ်၍ မရ ပါ။ ထာဝရအသက်သည် အကျင့်(အလုပ်)အားဖြင့် မရနိုင်ပါ၊ သို့သော် ဘုရားသခင်ထံမှ အခမဲ့ ကျေးဇူးတော် လက်ဆောင်ကို ယုံကြည် လက်ခံခြင်းဖြင့်သာ ရရှိခြင်း ဖြစ်သည်။
အသစ်သော မွေးဘွားခြင်းသည် လူအလိုအလျောက် ဘွားသောသား မဟုတ်
အဓိပ္ပါယ်မှာ မည်သည့် တရားဟောဆရာ (သို့) သင်းအုပ်၊ ဘုန်းတော်ကြီးကမျှ သင့်အား ဘုရားသခင်၏သား ဖြစ် လာရန် မပြုလုပ်ပေးနိုင်ပါ။ ပွဲတော်မင်္ဂလာ (သို့) ဗတ္တိဇံမင်္ဂလာ စသော မည်သည့် ခရစ်ယာန်ဘာသာသွင်း မင်္ဂလာများက သင့် အား ဘုရားသားဖြစ်ရန် မပြုလုပ်ပေးနိုင်ပါ။ ဘုရားကျောင်း၌ အသင်းသားဖြစ်ခြင်းဖြင့် သင့်အား ဘုရားသား မဖြစ်စေနိုင်ပါ။


အသစ်သောမွေးဘွားခြင်းသည် ''ဘုရားသခင်အားဖြင့်'' ဖြစ်သည်
ကျမ်းစာက ''ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည် မဟုတ်။ ဘုရားသခင် သနားတော်မူရာ ဖြစ်သတည်း။ ကိုယ်ကုသိုလ်ကြောင့် ကယ်တင်ခြင်းသို့ ရောက်သည်မဟုတ်၊ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာ အခွင့်မရှိ'' ဟု ဆိုသည်။(ဧ၊ ၂း၈-၉)

ကောင်းသောအကျင့် ကျင့်ခြင်း၊ ခရစ်ယာန်မိဘမှ ဆင်းသက်လာခြင်း၊ ဘာသာဝင်ခြင်း၊ ဘုရားကျောင်း သွားခြင်း စသည့် မည်သည့်အရာများက သင့်အား ကယ်တင်ခြင်းကို မပေးနိုင်ပါ။
 


အသစ်သောမွေးဘွားခြင်း၌ ကျွန်ုပ်တို့၏အခန်းကဏ္ဍ
အသစ်သောမွေးဘွားခြင်း၌ ကျွန်ုပ်တို့၏အခန်းကဏ္ဍကား အဘယ်နည်း။ ကျွန်ုပ်တို့၏အခန်းကဏ္ဍကား အပြစ်သားတ ယောက်အဖြစ်နှင့် သခင်ယေရှုထံ လာပြီ၊ ယေရှုခရစ်ကို ကယ်တင်ရှင်အဖြစ် လက်ခံရမည် ဖြစ်သည်။ ကျမ်းစာက ''ထိုသူကို လက် ခံသမျှသော သူတည်းဟူသော ကိုယ်တော်ကို ယုံကြည်သောသူတို့အား ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ ၏''ဟု ဆိုသည်။(ယော၊ ၁း၁၂)
ကျွန်ုပ်တို့၏အပြစ်အတွက်အသေခံသော ယေရှုခရစ်ကို အမှန်တကယ်ယုံကြည်ပြီး သူ့ကို ကယ်တင်ရှင်အဖြစ် ကျွန်ုပ် လက်ခံခဲ့ချိန်မှစ၍ ကျွန်ုပ်သည် ဒုတိယ မွေးခြင်းကို ခံခဲ့ရပြီ ဖြစ်သည်။
အသစ်သောမွေးဘွားခြင်း၌ ဘုရားသခင်၏အခန်းကဏ္ဍကား အဘယ်နည်း

ကျွန်ုပ်တို့သည် သခင်ယေရှုကို ကယ်တင်ရှင်အပြစ် လက်ခံခဲ့ချိန်မှစ၍ ဘုရားသခင်သည် ကျွန်ုပ်တို့အတွက် များစွာ သော အံ့ဘွယ်ရာများကို ပြုလုပ်ပေးပါသည်။ ပြုလုပ်ပေးသောအရာများထဲမှ အောက်ပါ အနည်းငယ်မျှသော အရာများမှာ၊-

၁။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဖြောင့်မတ်စေတော်မူသည်။ အဓိပ္ပါယ်မှာ ဘုရားသခင်သည် ကျွန်ုပ်တို့၏အပြစ်များကို ခွင့် လွတ်တော်မူပြီ၊ ကျွန်ုပ်တို့သည် ခရစ်တော်၌ ဖြောင့်မတ်ပြီး ဖြစ်ကြောင်းကို ကြေညာတော်မူသည်။ ''ယေရှုခရစ် ရွေးနှုတ်တော်မူ သောအားဖြင့် အဘိုးကိုမပေးဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ဖြောင့်မတ်ရာသို့ ရောက်ရကြ၏'' (ရော၊ ၃း၂၄)။
၂။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို အာဒံအိမ်ထောင်မိသားစုမှ ထုတ်ဆောင်ပြီး၊ ခရစ်တော်၏ အိမ်ထောင်မိသားစုတွင်း၌ ထားရှိ တော်မူသည်။ ကျွန်ုပ်တို့သည် အာဒံထဲ၌ မရှိတော့ပါ။ သို့သော် ခရစ်တော်ထဲ၌ ရှိတော်မူသည်။ ခရစ်တော်ထဲ၌ရှိခြင်း ဆိုသော အရာများကို နောက် သင်ခန်းစာများ၌ သာ၍များစွာ ကျွန်ုပ်တို့ ဆက်လက်လေ့လာကြမည်။
၃။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို သူ၏သားများ ဖြစ်ရသောအခွင့်ကို ပြုတော်မူသည်။ ဘုရားသခင်သည် အခြားသော သတ္တဝါ များ၌ မပြုလုပ်ပေးသောအရာ၊ အချို့သောအရာများကို ကျွန်ုပ်တို့၌ ပြုလုပ်ပေးတော်မူသည်။ ကျွန်ုပ်တို့ကို သူ၏ကိုယ်ပိုင် သား များ ဖြစ်ရသောအခွင့်ကို သူ ပြုလုပ်ပေးတော်မူသည်။ ကျမ်းစာက ''ဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်ခြင်းအခွင့်ကို ငါ တို့ သည် ရမည်အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက် ချစ်တော်မူသည်ကို ကြည့်ရှုဆင်ခြင်ကြလော့''ဟု ဆို သည်။(၁ယော၊ ၃း၁)
၎။ ဘုရားသခင်သည် ကျွန်ုပ်တို့အား စိတ်နှလုံးသစ်ကို ပေးတော်မူသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား စိတ်နှလုံးသစ်ကို ပေး တော်မူပြီ၊ သူ၏ဝိညာဉ်တော်ကို ကျွန်ုပ်တို့၏ စိတ်နှလုံးသစ်၌ ကျိန်းဝပ်ရန် သူ ပေးတော်မူသည်။ ဤအရာကို အသစ်ဖြစ်ပွားစေ ခြင်းဟု ခေါ်ပါသည်။ ''စိတ်နှလုံးသစ်ကို ငါပေးမည်။ သဘောသစ်ကို သွင်းထားမည်။ သင်တို့ကိုယ်ခန္ဓာထဲက ကျောက်နှလုံး ကိုနှုတ်၍ အသားနှလုံးကို ပေးမည်။-ငါ့ဝိညာဉ်ကိုလည်း သင်တို့အထဲသို့ သွင်းပေးသဖြင့်၊ သင်တို့သည် ငါ၏ တရားလမ်းသို့ လိုက်၍၊ ငါစီရင်တော်မူချက်တို့ကို စေါင့်ရှောက်ကြလိမ့်မည်'' (ယေဇ၊ ၃၆း၂၆-၂၇)။

ဤနေရာ၌ ကျွန်ုပ်တို့ ရှင်းလင်းစွာ နားလည်ထားရန်မှာ ဒုတိယမွေးခြင်း ခံရစဉ် ကျွန်ုပ်တို့၏ ဇာတိဟောင်းသည် ဖယ် ရှားခြင်းကို မခံရပါ။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ အပြစ်ရှိသော ဇာတိဟောင်းကို ဖယ်ရှားမပေးခဲ့ပါ၊ သို့သော် သူသည် ၄င်းကို အောင်မြင်ရန် သူ၏အသက်တာကို ပေးခဲ့ပါသည်။ သခင်ယေရှုသည် ကျွန်ုပ်တို့ကို သိမ်းဆည်းရန်ြ<ွကလာသည့် နေ့ရက်တိုင် အောင် ကျွန်ုပ်တို့၏ဇာတိဟောင်းကို ဖယ်ရှားပေးလိမ့်မည် မဟုတ်၊ သို့သော် သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့၌ ကျိန်းဝပ်တော်မူခြင်းဖြင့် ကျွန်ုပ်တို့သည် အပြစ်ရှိသော တတ်မက်စိတ်ဆန္ဒများအပေါ် အောင်မြင်ခြင်းကို ရနိုင်ပါသည်။

၅။ ဘုရားသခင်သည် ကျွန်ုပ်တို့အား ထာဝရအသက်ကို ပေးတော်မူသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် ဘယ်သောအခါမျှ ကွဲကွာခြင်း မရှိတော့ပါ။ ကျမ်းစာက ''သက်သေခံတော်မူချက်ဟူမူကား ဘုရားသခင်သည် ငါတို့အားထာဝရအသက်ကို ပေးတော် မူ၍၊ ထိုအသက်သည်လည်း သားတော်၌ပါ၏။ သားတော်ကိုရသောသူသည် အသက်ကိုရ၏။ ဘုရားသခင်၏ သားတော်ကို မရ သောသူမူကား အသက်ကိုမရ။''ဟုဆိုသည်။(၁ယော၊ ၅း၁၁-၁၂)
ဘုရားသခင်သည် ကျွန်ုပ်တို့ ဒုတိယမွေးခြင်းခံရစဉ် အခြား အံ့ဘွယ်သောအရာ များစွာ ကျွန်ုပ်တို့၌ ပြုတော်မူသည်။ သူသည် ကျွန်ုပ်တို့ကို ခရစ်တော်၌ တည်စေတော်မူသည်။ သူ၏သားတော်နှင့် ကျွန်ုပ်တို့ကို ဆက်သွယ်ပေါင်းဖက် စေသည်။ သူ သည် ကျွန်ုပ်တို့ကို မှောင်မိုက်နိုင်ငံနှင့်အပြစ်တန်ခိုးမှ လွှတ်မြှောက်စေသည်။ သူသည် ကျွန်ုပ်တို့အတွက် လောက၊ဇာတိနှင့် မာရ်နတ်တို့အပေါ် အောင်မြင်ခြင်းကိုရနိုင်ရန် ပြုလုပ်ပေးခဲ့ပါသည်။ ဤအကြောင်းအရာများကို နောက်ဆက်တွဲသင်ခန်းစာများ၌ သာ၍ ရှာဖွေလေ့လာကြမည်။


ကျွန်ုပ်တို့ ဒုတိယမွေးခြင်း ခံရပြီးကြောင်းကို ဘယ်ကဲ့သို့ အကျွန်ုပ် သိနိုင်မည်နည်း။
လူသည် ဒုတိယမွေးခြင်းကို အမှန် ခံခြင်း (သို့) မခံခြင်းအပေါ် စိတ်ချမှုအတွက် ကျွန်ုပ်တို့အယောက်စီတိုင်း သိထား သင့်ပြီး၊ ဘုရားသခင်ကလည်း ကျွန်ုပ်တို့ သိနိုင်ရန် တိကျသေခြာသော နည်းလမ်းများကို ပေးထားပါသည်။ ဤနေရာ၌ အချက် သုံး ချက်တို့ဖြစ်သည်။

၁။ ဝိညာဉ်တော်၏သက်သေ။ ကျွန်ုပ်တို့ ဒုတိယမွေးခြင်းခံရစဉ် သန့်ရှင်းသော ဝိညာဉ်တော်သည် ကျွန်ုပ်တို့၌ ကျိန်းဝပ်ရန် ကြွ လာတော်မူပြီ၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏သား ဖြစ်ကြောင်းကို ဝိညာဉ်တော်သည် ကျွန်ုပ်တို့၏ဝိညာဉ်နှင့်အတူ သက်သေခံ တော်မူသည်။ ဤအကြောင်းအရာကို အခြားသောသူများကို ရှင်းပြရန်သော်၎င်း သက်သေပြရန်သော်၎င်း ဖေါ်ပြ၍ မရနိုင်ပါ၊ သို့သော် ထိုအရာသည် အမှန်ဖြစ်ကြောင်းကို ကျွန်ုပ်တို့ သိသည်။ ကျမ်းစာက ''ငါတို့သည် ဘုရားသခင်၏သား ဖြစ်ကြသည်ဟု ဝိညာဉ်တော်သည် ငါတို့၏ဝိညာဉ်နှင့်အတူ သက်သေခံတော်မူ၏''ဟုဆိုသည်။(ရော၊ ၈း၁၆)

၂။ ဘုရားသခင်၏နှုတ်ကပတ်တော်။ ကျွန်ုပ်တို့ ဒုတိယမွေးခြင်း ခံရစဉ် ဘုရားသခင်၏ဝိညာဉ်တော်သည် ကျွန်ုပ်တို့၏စိတ်နှလုံး တွင် နှုတ်ကပတ်တော်အားဖြင့် အမှန်ဖြစ်ကြောင်း စိတ်ချမှုကိုပေးပြီ၊ ကျွန်ုပ်တို့သည် ကယ်တင်ခြင်းသို့ရောက်ကြောင်းကို ဘုရား သခင်၏နှုတ်ကပတ်တော်မှ သိရပါသည်။ ကျမ်းစာက ''ဘုရားသခင်၏သားတော်ကို ယုံကြည်သော သင်တို့သည် ထာဝရ အသက်ကို ကိုယ်တိုင်ရသည်ဟု သိစေခြင်းငှါ၊ ဤအရာများကို သင်တို့အား ငါရေး၍ ပေးလိုက်၏''ဟု ဆိုသည်။(၁ယော၊၅း၁၃)

၃။ ကျွန်ုပ်တို့၏အသက်ရှင်ခြင်းများ။ ကျွန်ုပ်တို့ အမှန်တကယ် မွေးခြင်းကိုခံရစဉ်၊ ကျွန်ုပ်တို့၏အပြုအမူများသည်လည်း ပြောင်း လဲ ပေလိမ့်မည်။ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်သူ၏သားတော် ယေရှုခရစ်ကို နာခံရန် အလိုရှိလာပေလိမ့်မည်။ ကျွန်ုပ်တို့သည် မှန်သောအရာများကို စတင် ချစ်တတ်လာပြီး မှားသောအရာများကို မုန်းတတ်လာပေလိမ့်မည်။ ကျွန်ုပ်တို့သည် ကယ်တင်ခြင်း မခံရသေးသော သူများကို ချစ်ခြင်းရှိလာပြီ၊ ထိုသူများ ကယ်တင်ခြင်းသို့ရောက်ရန် ကျွန်ုပ်တို့ အလိုရှိပေလိမ့်မည်။ အခြားသော ယုံကြည်သူ ခရစ်ယာန်များကို ချစ်ခြင်း ရှိလာလိမ့်မည်။ ကျမ်းစာက ''ငါတို့သည် ညီအစ်ကိုချင်းတို့ကို ချစ်သောကြောင့်၊ သေခြင်း မှ အသက်ရှင်ခြင်းသို့ ကိုယ်ကူးမြောက်သည်ကို ကိုယ်သိရကြ၏။ မိမိညီအစ်ကိုကို မချစ်သောသူသည် သေခြင်း၌တည် ၏''ဟု ဆိုသည်။(၁ယော၊ ၃း၁၄)

ဤအရာများ အားလုံးသည် ကျွန်ုပ်တို့၌ စတင်ဖြစ်လာလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် ဒုတိယမွေး ခြင်းကို ခံရပြီးဖြစ်သောကြောင့် ဖြစ်သည်။
သင်သည် ဒုတိယမွေးခြင်းကို ဧကန်အမှန်ခံရ ပြီးပြီလား။ သခင်ယေရှု ပြုတော်မူခဲ့သော ကျေးဇူးတော်များကြောင့် ကျွန်ုပ်တို့သည် ဒုတိယမွေးခြင်းခံရန် အခွင့်ကိုရနိုင်ခဲ့ကြပြီ။ ဒုတိယမွေးခြင်းကို ခံခဲ့ရသော် ၄င်းမွေးခြင်းက ကျွန်ုပ်တို့၏ အသက် တာများ၌ ပြောင်းလဲမှုများကို ပြုလုပ်ပေးပေလိမ့်မည်။

ဆုတောင်းချက်။ အဖ ဘုရားသခင်၊ ကိုယ်တော်၏သားဖြစ်ရသောအခွင့်နှင့် ကိုယ်တော်ကို ''အဘ'' ခေါ်ရသော အခွင့်ကို ကျွန်ုပ်၌ ပြုနိုင်ရသော အခွင့်ကို ပြုလုပ်ပေးတော်မူသောကြောင့် ကျေးဇူးတင်ပါသည်။ ကျွန်ုပ်၏ အသက်တာသည် သခင်ယေရှုနှင့် သာ၍ တူလာရန် အကျွန်ုပ်၌ ပြုတော်မူပါ။ သခင်ယေရှု၏နာမတော်၌ အကျွန်ုပ် ဆုတောင်းပါသည်။ အာမင်။ (အန်ဒရူး)
 

 

Burmese Christian Links - Click Here

Myanmar Audio Semons     

  

   
www.BurmeseBible.com


 


This Month
PDF Download





 


Bangkok - 2008

 


Rev. Augustus

 


Tokyo Kachin Baptist
Church

Rev. Yojong Yaw  Han

 


Judson (Singapore)

 


Karen KBCS

Singapore



Hakka Myanmar
Singapore

 


Myanmar Baptist Church
 NewYork


First Burmese Baptist Church
San Francisco

 


San Jose Burmese Church

www.bccsv.org

 


Oakland Burmese Church

 


Calvary Baptist Church
Bangkok

 


MCA , Thailand 

Myanmar Christian Assembly