|
၂၄- ဇွန် - ၂၀၀၈
သက်စမ်းရေ (မုန်တိုင်းကယ်ဆယ်ရေးအဖွဲ့ဝင်တဦးပေးစာ)

မြန်မာနိုင်ငံ မုန်တိုင်းဒဏ် ကယ်ဆယ်ရေးအတွက် ဘိုကလေးမြို့ IOM (
international organization for migration) field office
မှ သတင်းရရှိပါတယ်။ နှစ်ပတ်လောက်နေပြီးတဲ့အချိန် အီးမေးကြည့်ခွင့်ဆိုတာ
ဘိုကလေးဒေသမှာ အထူးနှစ်သက်ဖွယ်ရာ အခွင့်ထူးဆိုတော့ ၀မ်းသာအားရ
အခွင့်ရတုံး မိတ်ဆွေတွေကို ပြောပြချင်ပါတယ်။ ကျွန်တော်နဲ့အတူ
အိုင်အိုအမ် အတိုင်ပင် တာဝန်ခံလုပ်သူများ ရှေ့တန်းဒေသမှာ လုပ်နေသူ
သြစတြေးလျားနိုင်ငံမှ မိတ်ဆွေများရှိပါတယ်။ ကျန်းမာရေးအတွက်
မိုဘိုင်းဆေးခန်း နဲ့ အစားအစာမဟုတ်တဲ့ အထောက်ပံ့ပစ္စည်းများကို
ဒုက္ခသယ်များအတွက် ဖြင်္န့ဝေပေးနေပါတယ်။
ကျေးရွာအုပ်စု ၇၅ ခုရဲ့ ရွာပေါင်း ၅၀၀ ကျော်ရှိတဲ့ ဘိုကလေးမြို့နယ်
ဒုက္ခသယ်နေမြေဟာ ကျယ်ဝန်းလှပါတယ်။ နေ့တိုင်းပဲ ရွာတွေကို သွားပြီး
ကျန်းမာရေးစစ်ဆေးပေးခြင်း။ တာပိုလင်၊ စောင်၊ ခြင်ထောင်၊
မိသားစုအသုံးအဆောင်၊ ကျန်းမာရေးအသုံးအဆောင် စသည်များကို ဝေငှပေးရတာ
စက်လှေကလေး ၂ စင်းထဲရှိတော့ တနေ့မှာ ရွာ၂ရွာပဲ သွားနိုင်ပါတယ်။
ကျွန်တော်တို့အဖွဲ့ကတော့ သြစတြေးလျားဌာနချုပ်ကို သတင်းပို့ခြင်း၊
ကျွန်တော်တို့နဲ့အတူ အင်ဂျီအို များဖြစ်ကြတဲ့ NGO, INGO ကုလသမဂ္ဂ
အဖွဲ့များ UNDP, UNHCR, WFP, IOM စတဲ့ နိုင်ငံတကာ အဖွဲ့အစည်း
အများအပြားကိုလည်း အတူတွေ့ရပါတယ်။ ဒေသခံ အဖွဲ့ငယ်ကလေးများလည်း
ကယ်ဆယ်ရေးလုပ်ငန်းများမှာ ပါဝင်လှုပ်ရှားနေတာ တွေ့ရပါတယ်။
အလွန်များပြားတဲ့ ကျေးရွာကိုယ်စားပြု တာဝန်ခံများ ဘိုကလေးမြို့ကို
အကူညီလာတောင်းနေတာကို တွေ့ရပါတယ်။ သူတို့အကူညီတောင်းဆိုမှုတွေဟာ
အလွန်ရိုးစင်းပါတယ်။ အခြေခံလိုအပ်ချက်တွေပါ။ နေ့စဉ်စားဝတ်နေရေးအတွက်
မဖြစ်မနေလိုအပ်ချက်ကလေးတွေပါပဲ။
ကျွန်တော်တို့ပေးနိုင်တာက တကယ်လိုအပ်တာထက် အလွန်နည်းပါလှပါတယ်။
ရွာတိုင်းကတော့ ကယ်ဆယ်ရေးပစ္စည်း အကူအညီများ လက်ခံရရှိပေမဲ့
ဖြစ်ဖြစ်မြောက်မြောက် မရပါဘူး။ သူတို့ တောင်းဆိုချက်တွေမှာ စားစရာနဲ့
နေဘို့ရာ အကာအကွယ် (တာလဘတ်) ပါပဲ။ သောက်သုံးရေကတော့ မိုးရွာတဲ့
အရပ်ဖြစ်လို့ သိပ်ပြသနာကြီးမဟုတ်ပေမဲ့ နေထိုင်ဘို့ကတော့
တော်တော်ခက်ခဲပါတယ်။ ကယ်ဆယ်ရေးအဖွဲ့အားလုံးပဲ နေ့တိုင်း မနက်အိပ်ရာထ
မျက်စိဖွင့်တဲ့အချိန်ကစပြီ ၆နာရီခွဲကနေ ညသန်းကောင်းအထိ
နားရတယ်မရှိပါဘူး။ ရွာများအားလုံးနီးပါး လှေနဲ့သွားမှ
ရောက်တဲ့နေရာတွေဆိုတော့ လှေကလေးတစင်း ချောင်းငယ်ကလေးတွေကို
ဖြက်မောင်းပြီးမှာ သူတို့ရွာတွေကိုရောက်ပါတယ်။ ဒီရေကလည်း ၆နာရီတခါ
တက်လိုက်၊ ကျလိုက်ဖြစ်တယ်။ အတွေ့အကြုံရှိတဲ့ စက်လှေမောင်းသမားတွေတောင်
ရွာတွေ များလွန်းတော့ ဘယ်ရွာကို ဘယ်လိုသွားရမယ်ဆိုတာ မသိအောင်ဖြစ်နေတာ
သွားလာရေးအတွက်အခက်အခဲပါပဲ။ (ရဟတ်ယာဉ်နဲ့သွားရင် အိုကေမှာ -
မေ့လိုက်တော့ အချစ်ရေ)
အဆင်မပြေမှုတွေကို
သြစတြေးလျားမှာ နေတဲ့ မြန်မာတဦးအနေနဲ့တော့ ပြောစရာလိုမယ်မထင်ပါဘူး။
အခက်အခဲတွေကို မချင့်မရဲ၊ စိတ်ဖိစီးမှုတွေ၊ သည်းခံမှုတွေနဲ့
နက်ဖြန်နေ့အတွက်ပဲ စဉ်းစားနိုင်တော့တယ်။ ဘာမှ စဉ်းစားချိန်မရှိအောင်
သေလုမတတ် အလုပ်များ၊ ပင်ပန်းရပါတယ်။
ဒေသခံ အာဏာပိုင်များက အထူးလိုလေသေးမရှိကူညီကြပါတယ်။ ဘိုကလေးတမြို့
ကိုယ်ရောက်တဲ့အခြေအနေကိုကြည့်ပြီး ပြောရရင် လောလောဆယ်တော့ ကယ်ဆယ်ရေး
စားဝတ်နေရေးတွေပဲ လုပ်နေရပြီး၊ ပြန်လည်ထူထောင်ရေးလုပ်ဘို့
လများစွာလိုပါမယ်။
နောက်လ ကျွန်တော် ဆစ်ဒနီကို မပြန်မချင်း ဒီဒေသက ချစ်မိတ်ဆွေများနဲ့
ဒုက္ခသည်များအတွက် အချိန်ပြည့် လုပ်ဆောင်ပေးဖို့ လုံးဝဆုံးဖြတ်ထားပါတယ်။
မြန်မာပြည် အလည်အပတ်ပြန်ချန် ကြင်ဖေါ် ရမလားဆိုတဲ့ စိတ်ကူးတွေလည်း
လေထဲမှာပျက်ပျယ်ပျောက်ကွယ်သွားပါပြီ။
ကဲ အခု မနက် ၁း၃၀ (ညသန်းကောင်ကျော်) ရှိပါပြီ။ နှစ်စီးထဲရှိတဲ့
စက်လှေထဲက တစီး စက်ပျက်နေတာ အခုထိ ပြင်လို့မပြီးသေးဘူး။
သွားကူလိုက်ပါဦးမယ်။
မှတ်ချက်။
၁။ စာရေးပို့သူသည် စင်ကာပူနိုင်ငံ Chartered
Semiconductor Mfg တွင် အင်ဂျင်နီယာအဖြစ်
နှစ်ပေါင်းများစွာလုပ်ကိုင်ခဲ့ပြီး သြစတြေးလျားနိုင်ငံ Sydney,
Semiconductor ကုမ္မဏီတခုတွင် ပြောင်းရွေ့ လုပ်ကိုင်ရင်း
ဧရာဝတီတိုင်းလေဘေး ကယ်ဆယ်ရေးအတွက် လုပ်အားပေးအဖွဲ့နှင့်
လိုက်ပါလာသူဖြစ်ပါသည်။ သူတို့အဖွဲ့ဝင် အားလုံးကို သြစတြေးလျား
ဝန်ကြီးချုပ်မှာ တဦးစီ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ပါသည်။
၂။ ဧရာဝတီတိုင်းဟာ အလွန်သာယာအေးချမ်းတဲ့ ဒေသဖြစ်ပါတယ်။ ပြသနာ နည်းတဲ့
ဒေသဖြစ်တော့ ကာကွယ်ရေးဦးစီးချုပ်
အဖြစ် အလားအလာရှိသူများကို အုပ်ချုပ်ရေးပညာ လေ့လာဖို့
ဧရာဝတီတိုင်းမှူးအဖြစ် ခန့်ထားလေ့ရှိပါတယ်။ ဥပမာ စောမောင်၊ သန်းရွေ၊
ရွေမန်း စသဖြင့်။ အခုတော့ အရင်က ဆန်ရေစပါးပေါများ ပြီး
သားငါးပုဇွန်အလျှံပယမ စားစရာဖူလျှုံ တဲ့ဒေသမှာ မုန်တိုင်းဝင်မွှေပြီး
ဒုက္ခဖြစ်ရရှာပါတယ်။
Appreciation Letter from Australia PM
English
Photo Records
http://picasaweb.google.com/zhtooaung/VolunteerTripCycloneNagrisIrrawaddyDeltaBurma
--- End ---

|







Bangkok - 2008

Rev. Augustus

Tokyo Kachin Baptist
Church
Rev. Yojong Yaw Han

Judson (Singapore)

Karen KBCS

Hakka Myanmar
Singapore

Myanmar Baptist Church
NewYork

First
Burmese Baptist Church
San Francisco

San Jose
Burmese Church
www.bccsv.org

Oakland Burmese Church

Calvary Baptist Church
Bangkok

MCA , Thailand
Myanmar Christian Assembly
Burmese Christian
Links - Click Here
Myanmar Audio Semons

www.BurmeseBible.com
|