၁၉ - မေ - ၂၀၀၈
မုန်တိုင်းဒုက္ခသည်များနှင့် စင်ကာပူ ယုဒသန်အသင်းတော်
  သင်းအုပ်ဆရာ Rev. Augustus (ဆရာဗုတ်) မြန်မာပြည်ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရာမှ စင်ကာပူကို ၁၈-မေလ မှာပြန်ရောက် ပါတယ်။ ရန်ကုန်ကနေတဆင့် မိတ်ဆွေများအကူအညီနဲ့  မြောင်းမြအပါအ၀င် ဧရာဝတီ တိုင်းက ဒုက္ခသယ်များစွာကို တွေ့ ဆုံအားပေး ကူညီနိုင်ခဲ့ပါတယ်။ အသင်းတော် ဥက္ကဌ ဦးစိုးလွင်နဲ့  အဖွဲ့ သား ၇ ယောက်ကတော့ ရန်ကုန်မှာ ဆက်လက်နေကျန်ရစ်ပြီး အဆက် အသွယ်လမ်းကြောင်း ပိုမိုကောင်းမွန်ရေးအတွက် ဆောင်ရွက်နေပါတယ်။ အသေးစိတ် သိလိုသူများ စင်ကာပူအသင်းတော်ကို မေးမြန်းနိုင်ပါတယ်။ ဒေါက်တာမြင့်မြင့်စန်း အကူညီတောင်းပေးမှုကြောင့် စင်ကာပူဆေးကုမ္ပဏီမှ ပေါင်ချိန် ၁၂၀၀ ဆေးဝါးလှူဒါန်းပစ္စည်းများလည်း အဆင်ပြေစွာသယ်သွားနိုင်ခဲ့ပါတယ်။  မကြာခင်မှာ ဒုတိယအခေါက် အသင်းတော်မှ သူနာပြုများအပါအ၀င်၊ လုပ်အားပေးများကို ဆက်လက်ခေါ်ဆောင်သွား မယ်လို့ သိရပါတယ်။  အထူးလိုအပ်သောအရာများ - ယောင်္ကျားပုဆို၊ မိန်းမထမီ၊ ခြင်ထောင်၊ 

(မှတ်ချက်။  ရန်ကုန်တွင်ဝယ်ယူရနိုင်သော်လည်း ဈေးအရမ်းကြီးနေပြီး - စင်ကာပူတွင် ပုဆိုး၊ ထမီ၊ ခြင်တောင်များစုဆောင်းနေဆဲဖြစ်သည်။ ယခုအခေါက် သယ်ရန် ပုဆိုး၊ထမီ၊ခြင်တောင် အထည် ၁၀၀၀ သတ်မှတ်ထားပါသည်။ ဆေးပစ္စည်း ကီလို ၅၀၀လည်း ဒေါက်တာမြင့်မြင့်စန်း အလှူခံပေးသဖြင့် ဆေးကုမ္ပဏီမှ လှူဒါန်းရာ ရန်ကုန်သို့ ချောမွေ့ စွာ သယ်သွားနိုင်ခဲ့ပါသည်။ ဓါတ်ပုံမှတ်တမ်းများ စင်ကာပူအသင်းတော်များထံ တင်ပြပါမည်။ အမေရိကန်၊ သြစတြေးလျား အသင်းတော်များအတွက် သူတို့ ပေးလိုသော မိတ်ဆွေများသို့  စင်ကာပူအသင်းတော်မှ တာဝန်ယူ ပို့ ပေးနိုင်ပါသည်။)


မြောင်းမြ၊ ပုသိမ်ရှိ မုန်တိုင်းဒုက္ခသည်များထံ အရောက်သွားခဲ့သော စင်ကာပူမှ လုပ်အားပေး သွားခဲ့သူ (Rev. Saw Augustua) နှင့် အခြေအနေ မေးမြန်းချက်များ

မေး။     ။ရန်ကုန်မှာ ဘယ်လိုအခြေအနေရှိပါသလဲ

   ကယ်ဆယ်ရေးပစ္စည်းတွေ ပုံနေတယ်လို့ သိရပါတယ်။ လေဆိပ်မှာလည်း လေယာဉ်မဲမဲကြီးတွေ ရပ်ပြီးပစ္စည်းတွေ ချနေတာတွေ့ ရတယ်။ ၁၀ စီးလောက် ရပ်ထားတာ တဆိပ်အမျိုးမျိုးနဲ့  လေယာဉ်အကြီးကြီးတွေပါ။ US Air Force ဆိုတဲ့ လေယာဉ် ၂စီးလည်း တွေ့ လိုက်ရတယ်။ မြန်မာပြည်ပြန်တိုင်း လေဆိပ်မှာ ဒီလို ကုန်တင်လေယာဉ်ကြီးတွေ မတွေ့ ဖူးပါဘူး။ ပစ္စည်းတွေကတော့ ရန်ကုန် သံဈေးမှာ အလွယ်တကူ ၀ယ်ယူလို့ ရပါတယ်။ ရန်ကုန်က အိမ်အတွက် ဆီတပုံး မြို့ ထဲက၀ယ်လာတာ အိမ်ရောက်တော့ ပုံးတဆိပ်ကိုကြည့်လိုက်တော့ United Nation လို့ မြင်လိုက်ရတယ်။ ရန်ကုန်ကတော့ မြို့ ပျက်လိုဖြစ်နေပေမဲ့ လူတွေကတော့ ပုံမှန်လိုပဲ ရှိနေကြပါတယ်။ ဒုက္ခသည်စခန်းတွေ ရှိပေမဲ့ ဧရာဝတီတိုင်းလိုတော့ မဆိုးနိုင်ပါဘူး။



မေး။     ။ဒါနဲ့  မြောင်းမြ ဒုက္ခသည်များဆီ ရောက်သွားတာ လွယ်လွယ်ကူကူပဲလား၊ ဘာကြောင့် လပွတ္တာ၊ ဘိုကလေး တွေကို သွားလို့ မရဘူးလား။

   မြောင်းမြ၊ ပုသိမ်က စေတနာရှင်များ မုန်တိုင်းပြီးတာနဲ့  မော်တောဘုတ်တွေနဲ့  ဘိုကလေး၊ လပွတ္တာတ၀ိုက်က ဒုက္ခသည်တွေကို လိုက်ရှာပြီး ပုသိမ် နဲ့ မြောင်းမြမြို့ တွေက ဘုရားကျောင်းကန် နဲ့ ဘုန်းကြီးကျောင်းတွေ၊ ခရစ်ယန်ဘုရားကျောင်း၊ အစိုးရ အထက်တန်းကျောင်း စတဲ့နေရာတွေမှာ ခေါ်လာပြီး ထားပါတယ်။ နောက်တော့ ဆက်ခေါ်ခွင့်မရတော့ဘူး။ ဒီတပတ်ထဲမှာပဲ အဲဒီ ဒုက္ခသည်တွေအားလုံးကို သူတို့ သတ်မှတ်ထားတဲ့ နေရာတွေကို ပြန်ခေါ်သွားကြပြီ။  လပွတ္တာ၊ ဘိုကလေးတွေကိုတော့ အထူးကြပ်မတ်တဲ့ ဒေသတွေမို့  သွားခွင့်မရပါဘူး။ ပစ္စည်တွေများများသယ်သွားရင်တော့ သူတို့ စခန်းအ၀မှာပဲ ထားခဲ့ရတယ် ပြောတယ်။ ဒါကြောင့် မိတ်ဆွေတွေနဲ့ အဆင်ပြေတဲ့ မြောင်းမြကို အရင်လာကြည့်ရတယ်။ အဲဒီကမှတဆင့် လပွတ္တာ၊ ဘိုကလေး၊ ဖျာပုံ၊ ကျိုက်လတ်  စတဲ့မြို့ တွေက ဒုက္ခသည်တွေဆီကို အဆက်အသွယ်ရရှိ ကူညီနိုင်မှာမို့  မြောင်းမြကိုပဲ ဦးစွားသွားလိုက်ပါတယ်။ အသင်းအဖွဲ့ နဲ့  အစုလိုက်သွားတာထက် ကားလေးတစီးနဲ့  ပစ္စည်းများများသယ်မသွားပဲ ငွေပဲသယ်သွားနိုင်ရင် သိပ်ကောင်းပါတယ်။



မေး။     ။မြောင်းမြက ဒုက္ခသယ်စခန်းအခြေအနေလေး ပြောပြပါဦး၊

မြောင်းမြမှာ ဒုက္ခသည်စခန်း ၃၀ လောက်ရှိနေပါတယ်။ ဘုန်းကြီးကျောင်း၊ အထက်တန်းကျောင်း၊ ခရစ်ယန်ကျောင်းတွေကို ဒုက္ခသည်စခန်းအဖြစ် ပြောင်းလိုက်ရတယ်။ ကျွန်တော်တို့ လည်း ဒေသခံလူတွေနဲ့ အဆက်အသွယ်လုပ်ထားရတယ်။ တိုတောင်းတဲ့ ခရီးစဉ်အတွက် နောက်ရေရှည် ဘယ်လိုကူညီရမလဲဆိုတဲ့ အခြေအနေလေ့လာ၊ အဆက်သွယ်ယူဘို့ ကို အဓိကထားရပါတယ်။ ဒုက္ခသည်များစွာနဲ့  ကိုယ်တိုင်တွေ့ ရှိပြီး ပြောပြတာတွေကို နားထောင်ခဲ့ရပါတယ်။ စာနာရပါတယ်။ မြောင်းမြ ရေတွင်းကန်ရွာတ၀ိုက်က ဒုက္ခသည်စခန်း ၄ ခုကိုရောက်ခဲ့ပါတယ်။ မြစိမ်းရောင် ဘုန်းတော်ကြီးကျောင်း။ အစိုးရအထက်တန်းကျောင်းတခု၊ ခရစ်ယန် ကျမ်းစာသင်ကျောင်းတခု၊ စခန်းကြီးကျောင်း တို့ ဖြစ်ကြပါတယ်။ စခန်းမှာ တာဝန်ခံလုပ်အားပေးသူ ခေါင်းဆောင်အဖွဲ့ များကို ကျပ်သိန်း ၂၀ စီ ပုံပေးလိုက်တော့ အရမ်းဝမ်းသာပါတယ်။ မြစိမ်းရောင် ကျောင်းထိုင်ဆရာတော်ဆိုရင် ဒုက္ခသည်တွေကို လာကြည့်ကူညီ တဲ့လူတွေ၊ အစိုးရ စစ်ဗိုလ်ချုပ်ကြီးတွေ လာကြည့်ပေမဲ့ ဒါလောက်များတဲ့ ငွေတပုံကြီးလာပေးတာ မကြုံခဲ့ဘူး လို့ ပွင့်ပွင့်လင်းလင်း ပြောခဲ့ပါတယ်။



မေး။     ။ဒုက္ခသည်တွေနဲ့ ကိုယ်တိုင်တွေ့ ခဲ့တော့ သူတို့ ဘာတွေလိုအပ်နေပါသလဲ။

   အစားအသောက်၊ ဆန်ဆီကတော့ အဓိကပေါ့၊ လောလောဆယ်တော့ ပုဆိုး၊ထမီ၊ ခြင်တောင်များ အထူးလိုအပ်ပါတယ်။ ကျွန်တော်တို့ လဲ ရန်ကုန်မှဝယ်လို့ ရပေမဲ့ ဈေးခေါင်ခိုက်နေပါတယ်။ ပစ္စည်းတွေကတော့ သံဈေးမှာ များစွာရှိနေတာလည်း မဆိုးလှပေမဲ့ ဈေးတွေ တက်သွားရတာတော့ မတတ်နိုင်ပါဘူး။  ဒါကြောင့် စင်ကာပူမှာ တခါတည်းဝယ်လှူပေးတဲ့ပစ္စည်းတွေကို သယ်သွားရတာက ပိုလွယ်ပါတယ်။ စင်ကာပူကလည်း ပစ္စည်းသယ်ဖို့ ဆိုရင် သွားတဲ့လူတွေကို ပေါင်ချိန်ပိုပေးပါတယ်။ သွားရေးလာရေး ယာဉ်များအတွက် ဒီဇယ်၊ ဓါတ်ဆီ တွေအရမ်းရှားပါးနေတော့ ပိုက်ဆံပေးဝယ်ရင်တောင် ရှာမရဘူး။ ရန်ကုန်မှာပဲ ရှာဖွေဝယ်ယူရတယ်။ ကျွန်တော်တို့ အဖွဲ့ လည်း လူနည်းနည်း Van ကားလေးတစီးနဲ့ သွားရတယ်။  သူတို့ ကို စောင့်ရှောက်နေတဲ့ အဖွဲ့ အစည်းတွေလည်းရှိတယ်။ ကြံ့ဖွတ်တွေ၊ ဒေသခံအဖွဲ့ တွေလည်း ရှိတော့  အားလုံးနဲ့ အဆင်ပြေအောင် လုပ်ဆောင်ရပါတယ်။ ဒုက္ခသည်များကို ကူညီဖို့ က အဓိကမဟုတ်လား။ လောလောဆယ်တော့ ပုသိမ်၊ မြောင်းမြတွေမှာ ခေါ်ထားတဲ့ ဒုက္ခသည်များကို အစိုးရ ကယ်ဆယ်ရေးအဖွဲ့ တွေက ပြန်ခေါ်သွားကြပြီလို့ ကြားရတယ်။ ဒုက္ခသည်တွေကို ကူညီချင်သူများ အစိုးရကတဆင့်ပဲ ဆက်သွယ်ရတော့မယ်လို့  ဆိုပါတယ်။ ပြည်သူတွေလုပ်ပေးတဲ့ ကယ်ဆယ်ရေးစခန်းတွေမှာ အဆင်ပြေပြေနေနေရာက အသစ်ဖြစ်တဲ့ အစိုးရဒုက္ခသည်စခန်းတွေကို ပြောင်းရမယ်ဆိုတော့ မပျော်နိုင်ဖြစ်ရတာပါပဲ။


မေး။    ။စင်ကာပူက ခရစ်ယာန် အသင်းတော် သင်းအုပ်ဆရာအနေနဲ့ နိုင်ငံတကာ ယုံကြည်သူများကို ဘယ်လိုပြောချင်တာတွေရှိပါသလဲ။

   ကျွန်တော်တို့ သွားတဲ့နေရာမှာ ခရစ်ယာန်၊ ဗုဒ္ဒဘာသာ မခွဲနိုင်တော့ပါဘူး။ ဒုက္ခသည်လို့ ပဲမြင်ရပါတယ်။ မြောင်းမြမှာတော့ ခရစ်ယာန် ကျမ်းစာသင်ကျောင်း (ဦးစောဘူ ကျမ်းစာသင်ကျောင်း) ရှိတော့ အဲဒီကတဆင့် အခြေပြုရပါတယ်။ ရေတွင်းကန်ရွာက စခန်းကြီးကျောင်း အသင်းတော်ကိုလည်း အမာခံလုပ်အားပေးများနဲ့ အခြေပြုရပါတယ်။ ရေတွင်ကန်ရွာက တနာရီလောက်မောင်းရတဲ့ မြစိမ်းရောင် မြန်မာဗုဒ္ဒဘာသာဘုန်းကြီးကျောင်းက ကျောင်းထိုင်ဘုန်တော်ကြီးနဲ့  တော်တော်လေး စကားကောင်းခဲ့ပြီ၊ အခြေအနေများကို ပိုမိုသိရှိရပါတယ်။ နားလည်ရပါတယ်။
   ဒုက္ခသည်စခန်းတခုမှာ လုပ်အားပေနေတဲ့ ဆရာဝန်တဦး (စင်ကာပူ JBC မှကိုဇော်ကြီး ၏ Father in law) ကိုတွေ့ တော့ တနေ့ ကို လူနာ ရာနဲ့ ချီပြီး ကုသပေးနေရတယ်။ စင်ကာပူမှာ မြန်မာသူနာပြုတွေရှိတော့ သူတို့ ကို လုပ်အားပေးလိုက်ခဲ့ဖို့ ခေါ်ရပါဦးမယ်။ ငွေ၊ ပစ္စည်းကူတာထက် လူကိုယ်တိုက် လိုက်ပြီး ဆေးကုသ၊ ငွေ ပစ္စည်းများ တတ်နိုင်သရွေ့ သူတို့ လက်ထဲထည့်ပေးနိုင်ရင် ပိုကောင်းတယ်လို့ ထင်မိပြီး သွားရောက်နိုင်ခဲ့တဲ့အတွက်လည်း ဘုရားကျေးဇူးတော်ကို အထူးချီးမွမ်းပါတယ်။
   သင်းအုပ်ဆရာတယောက်အနေနဲ့ အခြားသော သင်းအုပ်ဆရာများနည်းတူ အသင်းတော်မှာ အင်မတန်အလုပ်များပါတယ်။ မြန်မာပြည်ကပြန်ရောက်ပြီး အသင်းတော်လူကြီးများနဲ့ ဆွေးနွေးပြီ အစီအစဉ်များကို ချမှတ်ပြီးပါပြီ။ ဒုက္ခသည်စခန်းတွေကို ၁၀ရက်စာလောက် ချင့်ချိန်ပြီး ငွေပေးခဲ့ပါတယ်။ ဆက်တိုက်ပေးဖို့  တတ်နိုင်သလောက် စီစဉ်ရဦးပါမယ်။ နောက်တခေါက်ဆိုရင် သီဆိုချီမွမ်းခြင်း၊ ကွာယာသီချင်းဆိုအဖွဲ့ တွေ တူရိယာတွေနဲ့  သွားချင်ပါတယ်။ ဒုက္ခသည်များကို စာနာနှစ်သိမ့်ပေးမဲ့ လူတွေအရမ်းလိုအပ်ပါတယ်။ တေးဂီတဖြင့်လည်း သူတို့ ကိုနှစ်သိမ့်စေနိုင်ပါတယ်။
   နိုင်ငံတကာရှိတဲ့ အသင်းတော်များလည်း ရံပုံငွေ နည်းမျိုးစုံနဲ့ ရှာဖွေ ကောက်ယူပြီး မိမိတို့ နဲ့ နီးစပ်တဲ့ ရန်ကုန်က အသင်းတော်တွေဆီကို ပို့ ပေးနေတာ ကျေးဇူးတော်ပါပဲ။ မြန်မာပြည်မှာရှိတဲ့ အသင်းတော်များ အထူးသဖြင့် ရန်ကုန်က ခရစ်ယာန်အသင်းတော်များလည်း ကျွန်တော်လိုပဲ သူတို့ တတ်နိုင်သမျှလုပ်အားနဲ့  ဒုက္ခသည်များရှိတဲ့နေရာ ကိုယ်တိုင်သွားပြီး လေ့လာကြည့်ရှု လှူဒါန်းနေကြပါတယ်။ ရန်ကုန်မှာပဲ အစိုးရဆီ ပုံပေးလှူလိုက်တာထက်စာရင် နယ်ဘက်ထွက်ပြီး လှူဒါန်းနိုင်ဖို့  အသင်းတော်တွေ ကြိုးစားကြတာ သဘာဝကျပါတယ်။ ကျွန်တော်လည်း အခု စင်ကာပူမှာရှိတဲ့ တရုပ်၊ကုလား၊ အခြားလူမျိုး၊ နိုင်ငံခြားသားအသင်းတော်တွေကိုလည်း တတ်နိုင်သရွေ့ ရှင်းလင်းပြောရပါမယ်။ သူတို့ လှူဒါန်းပေးထားတဲ့ ငွေ၊ ပစ္စည်းများ တကယ့်ဒုက္ခသည်များကိုပေးပြီးကြောင်း အလှူရှင်များကိုအကြောင်းကြားဖို့ ဖြစ်ပါတယ်။

  နောက်ပိုင်းကနေ ဆုတောင်းပေးတဲ့ အသင်းတော်နဲ့  မိတ်ဆွေအားလုံးကို အထူးကျေးဇူး တင်ပါတယ်။ ဘုရားသခင်ကောင်းချီးပေးပါစေ။

Rev. Augustus 
ှယုဒသန် နှစ်ခြင်းအသင်းတော် (စင်ကာပူ)
Translation in English

Senior Pastor: Rev. Saw Augustua 90973600
Pastor: Saya Myo Thu  90068912
President: U Soe Lwin 96503395
Vice President:  U Thein Si 90600834
Sacetary:  U Tin Tun 96286977
Women:  Sayama Maureen  98421323, Sayama Ku Ku 94592808
Youth: John  93628486, Min Aung Thet Lwin 81222320
Media:  Zaw Htoo 98476265, Aung Thu 91098795
Judson Center (Peninsula Plaza) Saya U San Win Cho - 92318043

Burmese Christian Links - Click Here

Myanmar Audio Semons             

   
www.BurmeseBible.com

 



 







 


 


Bangkok - 2008

 


Rev. Augustus

 


Tokyo Kachin Baptist
Church

Rev. Yojong Yaw  Han

 


Judson (Singapore)

 


Karen KBCS




Hakka Myanmar
Singapore

 


Myanmar Baptist Church
 NewYork


First Burmese Baptist Church
San Francisco

 


San Jose Burmese Church

www.bccsv.org

 


Oakland Burmese Church

 


Calvary Baptist Church
Bangkok

 


MCA , Thailand 

Myanmar Christian Assembly