READ: Matthew 6:1-4
|
နေ့စဉ်ခွန်အား |
|
|||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
|
နိုဝင်ဘာလ (၁)ရက်၊ တနင်္ဂနွေနေ့ အမည်မပေါ်စေလိုခြင်း ဖတ်ရန်၊ မ ၆း၁-၄ သင်သည် အလှူဒါနကိုပေးသောအခါ ပေးကြောင်းကို မထင်ရှားစေခြင်းငှာ၊ လက်က်ျာလက်ပြုသည်အမှုကို လက်ဝဲလက်မျှမသိစေနှင့်။ မထင်ရှားသောအရာကို မြင်တော်မူသော သင်၏အဘသည် အကျိုးကို ထင်ရှားစွာ ပေးတော်မူလတ္တံ့။ မ ၆း ၃-၄ သမ္မာကျမ်းစာတစ်နှစ်တာ။ ယေ ၂၄-၂၆၊ တိတု ၂ မမှန်မကန်လုပ်လိုစိတ်နှင့် ဒွန်တွဲ၍ အမည်မဖော်လို စိတ်ဆန္ဒနှစ်ရပ်က ကျွန်မစိတ်၌ အမြဲရှိနေတတ်သည်။ ၄င်းစိတ်များက အတူတွဲဖက်၍ ဈေးရောင်း နေသူတစ်ဦးကဲ့သို့ မှားယွင်းသောအလုပ်ကို ကျွန်မလုပ်ပိုင်ခွင့်ရှိကြောင်း မကောင်းသောအမှုများ ကျူးလွန်မိုက်မှားမိလျှင် အပြစ်တင်မခံရအောင် ရှောင်လိုသည့်အကြံနှင့် မိမိအမည်မပေါ်အောင် ဖုံးကွယ်ထားလိုခြင်းသည် လူ့သဘာဝဖြစ်၏။ သို့သော် ဘုရားသခင်၏ သွန်သင်မှုက တမျိုးထူးခြားသည်။ ကောင်းမှုကုသိုလ်ပြုသည့်အခါ၌ မိမိအမည်မထင်ပေါ်အောင် သိုသိပ်စွာ နေရန် အလိုတော်ရှိသည် (မ ၆း၎)။ ကောင်းသောအမှုကို ပြုချိန်တွင် အမည်မဖော်ဘဲ လျှို့ဝှက်ထားရန် ထိုစိတ်သဘောက အဘယ်ကြောင့်မပြင်းပြ ရပါသနည်း။ သမ္မာကျမ်းစာတွင် လက်တစ်ဖက်က ပြုသည့်အမှုကို အခြားလက်တစ်ဖက်က မသိစေနှင့်ဟု ဆုံးမထားသည် (မ ၆း၃-၄)။ တစ်နည်းဆိုသော် အသင်းတော် အတွင်း ကောင်းမှုပြုရာတွင် မိမိကိုလူများက အာရုံမစိုက်မိအောင် သိုသိပ်ရသည်။ ဤသို့ဆိုရာ၌ ကောင်းမှုတစ်ခုပြုပြီး ထိုအမှုကို ၀ှက်ထားရန်မဟုတ်ပါ။ မိမိပြုသော ဒါနကုသိုလ်အားဖြင့် ဘုရားသခင်၏ ဘုန်းတော်နာမတော်ကို ထင်ရှားစေရန် ဆိုလိုပါသည်။ “မဏ္ဍပ်တိုင် တက်လိုသော အလှူရှင်” မဖြစ်စေရပါ (မ ၅း၁၆)။ လုပ်အားပေး ဆက်ကပ်သည်ဖြစ်စေ၊ ယေရှုနာမ၌ ကောင်းမှုပြုသည့် အသင်းတော်(သို့) ပရဟိတအဖွဲ့အစည်း တစ်ခုခုသို့ အလှူဒါနပြုသည်ဖြစ်စေ အသင်းသားခြင်း၏ ဂုဏ်ပြုခံရခြင်းထက် သာ၍မြတ်သော ကောင်းကြီးဆုလာဘ်ကို ဘုရားရှင်ထံမှ ရသည်။ အခြားလူများကလည်း ကောင်းမြတ်သော အကျင့် ကောင်းမှုကို ထောက်ရှု၍ ဂုဏ်တော်ကို ချီးမွမ်းကြလိမ့်မည် (၁ ပေ ၂း၁၂)။ Julie Ackerman Link
ကောင်းကြီးမင်္ဂလာနှင့် မတ္တာတော်ကို
ချပေးလျှက် ဘုရားရှင်စောင့်ထိန်းလိမ့်။
သင့်လက်ကို ခွန်အားနှင့်၊ စိတ်ဝိညာဉ်ကို မတ္တာတော်နှင့် ပြည့်စေလျှက် မစလိမ့်။ သင့်အပြုံးက ဆုလာဘ်ပါ၊ ဘုန်းတော်သာ ထင်ရှားစေပါ။ - Anon. ------------------------------ ယေရှု၏နာမတော်၌ အစေခံလျှင် သခင့်ဘုန်းတော် ထွန်းပြောင်လိမ့်မည်။
|
|