နေ့စဉ်ခွန်အား
 

Burmese Bible       Burglish Version - Test Page     ODB Sep~Nov

<

NOVEMBER  2009

>

S M T W T F S   S M T W T F S
1 2 3 4 5 6 3   21 22 23 24 25 26 27
7 8 9 10 11 12 13   28 29 30        
14 15 16 17 18 19 20                
နိုဝင်ဘာလ (၄)ရက်၊ ဗုဒ္ဓဟူးနေ့
မျိုးစေ့နှင့် ယုံကြည်ခြင်း     ဖတ်ရန်၊ ဂလာ ၆း၇-၁၀

အလွဲမယူကြနှင့်။ ဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကို ခံတော်မမူ။ လူသည်မျိုးစေ့ကျဲသည်အတိုင်း အသီးအနှံကို ရိတ်ရလိမ့်မည်။  ဂလာ ၆း၇

သမ္မာကျမ်းစာတစ်နှစ်တာ။ ယေ ၃၂-၃၃၊ ဟေဗြဲ ၁

ပုံပြင်တစ်ခုတွင် လူတစ်ယောက်သည် ဆိုင်တစ်ဆိုင်၌ ပစ္စည်းသွားဝယ်သည်။ ပစ္စည်းများကို လျှောက်ကြည့်နေစဉ် အရောင်းကောင်တာတစ်ခုတွင် ဘုရားသခင်ကိုယ်တိုင် ဈေးရောင်းနေသည်ကို တွေ့လိုက်ရ၍ မယုံနိုင်လောက်အောင် အံ့သြသွားသည်။ ထိုသူက “ဘာရောင်းတာလဲ” ဟု သွားမေးရာ ဘုရားသခင်က “မင်းဘာလိုချင်သလဲ၊ မင်းလိုတာအားလုံးရမယ်” ဟု ဖြေလိုက်သည်။ “ကျွန်တော်က ပျော်ရွှင်မှု၊ စိတ်ချမ်းသာငြိမ်သက်ခြင်းနဲ့ အကြောက်တရားမှ ကင်းလွတ်ခွင့်များ အလိုရှိပါတယ်။ အင်း... ကျွန်တော်အတွက်သာမက တစ်လောကလုံးအတွက်ပါ လိုချင်တယ်” ဟု ဖြေလိုက်သည်။ ထိုစကားကို ကြားသောအခါ ဘုရားသခင်က ပြုံးပြီး “တို့ဆိုင်က အသီးမရောင်းဘူးကွယ့်။ မျိုးစေ့ပဲရောင်းတယ်” ဟု ဖြေလိုက်သည်ဆို၏။
“လူသည် မျိုးစေ့ကျဲသည်အတိုင်း အသီးအနှံကို ရိတ်ရလိမ့်မည်” ဖြစ်၍ (ဂလာ ၆း၇) ဘုရားကို ရိုသေလေးမြတ်သည့် အပြုအမူ မျိုးစေ့များကြဲရန် ရှင်ပေါလုက အလေးအနက် ပြောကြားခဲ့သည်။ မိမိပြုရမည့်အပိုင်းကို  ဂရုမထား၊ တာဝန်မကျေလျှင် ဘုရားသခင်ထံမှ ကောင်းကြီးမင်္ဂလာ အသီးအပွင့်ကို မမျှော်လေနှင့်။
ကောင်းသောမျိုးစေ့ကြဲသူတို့၏ စံနမူနာကိုကြည့်၍ အတုယူသင့်သည်။ စာရေးဆရာ Samuel Shoemaker က “စံပြလို့ ပြောရလောက်တဲ့ လူတစ်ဦးဦးကို ကြည့်ပြီး ဒီလူကတော့ စံပဲ။ ငါ့လိုမဟုတ်ဘူး။ သူ့မှာ ဒေါသမောဟမရှိ၊ ဆန္ဒစောနေတဲ့အသွင်၊ စိတ်သောက ရောက်နေတဲ့ အသွင်တွေ ကင်းရှင်းတယ်။ သူ့ကြည့်ရတာ အမြဲပျော်ရွှင်နေတယ်။ သူ့ကိုအားကျတယ် လို့ပဲ တွေးမိကြတယ်။ သို့ပေမယ့် ဒီလိုကျက်သရေရှိပြီး၊ စိတ်အေးချမ်းတဲ့ အသွင်ရဖို့ သူဘယ်လောက် ကြိုးပမ်း ရုန်းကန်ခဲ့ရတယ်ဆိုတာ တွေးမိချင်မှ တွေးမိမယ်။ ပြီးတော့ ငါလဲကြိုးစားရင် သူ့လိုဖြစ်မှာပဲ” ဆိုတဲ့ ကြိုးစားချင်တဲ့ စိတ်က ဖြစ်ချင်မှ ဖြစ်လိမ့်မည်ဟု ရေးသားခဲ့သည်။
ကိုယ့်ကိုကိုယ် စိတ်ပျက်မိပါသလား။ ဘုရားသခင်ထံ ဆုတောင်းလျက် အသစ်သောလုပ်ရပ်၊ အပြုအမူများကို ယနေ့အစပြုပါ။ အချိန်တန်လျှင် ၀ိညာဉ်တော်အားဖြင့် ကောင်းကျိုးအသီးအပွင့်များ ပေါ်ထွက်လိမ့်မည်။ - Joanie Yoder
 

 
အသက်တာတွင် အမြဲတစေ အပြုအမူ အပြောအဆိုအားဖြင့် မျိုးကြဲလျက်နေ၏။
နေ့စဉ်ပြုသော ကောင်းမှုကုသိုလ်မှ အသီးအပွင့်အောင် ဝေဆာစေသား။ - Hess
-----------------------------------------------------------------------------------------
ယနေ့စိုက်ပျိုးသောအစေ့က
အနာဂါတ်၌ မည်သည့်အသီးများ သီးပွင့်လာမည်ကို ဆုံးဖြတ်ပေးသည်။