နေ့စဉ်ခွန်အား
 

Burmese Bible       Burglish Version - Test Page     ODB Sep~Nov

<

NOVEMBER  2009

>

S M T W T F S   S M T W T F S
1 2 3 4 5 6 3   21 22 23 24 25 26 27
7 8 9 10 11 12 13   28 29 30        
14 15 16 17 18 19 20                
နိုဝင်ဘာလ (၅)ရက်၊ ကြာသပတေးနေ့
သပ်ရပ်သန့်ရှင်းမှု     ဖတ်ရန်၊ ဆာ ၁၃၉း၁-၁၀၊ ၂၃-၂၄

အိုထာဝရဘုရား၊ အကျွန်ုပ်ကို စစ်ဆေးစုံစမ်း၍ နှလုံးကျောက်ကပ်ကို စစ်ကြောတော်မူပါ။ အကျွန်ုပ်သည် မေတ္တာကျေးဇူးတော်ကို မျက်မှောက်ပြု၍ သစ္စာတရားတော်နှင့် အညီ ကျင့်ပါ၏။  ဆာ ၂၆း၂-၃


သမ္မာကျမ်းစာတစ်နှစ်တာ။ ယေ ၃၄-၃၆၊ ဟေဗြဲ ၂

ကျွန်တော်မွေးထားသည့် ၇ နှစ်သားအရွယ် တယ်ရီရယ်ခွေးလေး ဒေါ်လီသည် မြေကြီးကို ပျော်ပျော်ကြီး တူးဆွတတ်ခြင်းကြောင့် အမြဲလိုလို ညစ်ပတ် ပေကျံနေသည်။ သူ့ကို တစ်ပတ်တစ်ခါ ရေချိုးပေးသော်လည်း အမွေးများက ရွံ့များဖြင့် စေးတွဲလာ၍ ခွေးရေချိုးပေးသောဆိုင်သို့ ခေါ်သွားရသည်။
ဆိုင်မှ ရေချိုးပေးသူ အမျိုးသမီးကြီးက အမြဲလောပြီး စိတ်တိုသည်။ အကိုင်အတွယ်ကြမ်းသည်။ ထို့ကြောင့် ရေချိုးဆိုင်သွားရမည်ကို ဒေါ်လီမက မနှစ်မြို့ပါ။ ဆိုင်ကိုမြင်ယုံနှင့် အကြောက်အကန် ရုန်းတော့သည်။
သို့နှင့် ယမန်နှစ်က ရေချိုးခန်းဆိုင်အသစ် ပြောင်းလိုက်သည်။ ခွေးလေးက ဆိုင်တွင်ရေချိုးရသည်ကို မကျေနပ်သော်လည်း ယခင်ကကဲ့သို့ မရုန်းတော့ပါ။ အကြောင်းရင်းမှာ ခွေးကို ကိုင်တွယ်ရသည်မှာ မလွယ်ကူသော်လည်း ရေချိုးပေးသူက ကောင်းမွန်စွာ ချိုးပေးရုံသာမက အကိုင်အတွယ် ညင်သာသောကြောင့် ခွေးက အကိုင်ခံခြင်းဖြစ်သည်။
ညစ်ထေးသည် ဒုစရိုက်အပြစ်များက ကျွန်တော်တို့၏ စိတ်ဝိညာဉ်အတွင်း နေရာယူထားပြီဆိုပါက ဆေးကြော သန့်စင်ပစ်ရန် လိုပါသည်။ ဆာလံဆရာ ဒါဝိဒ်မင်းကြီး တောင်းပန်သကဲ့သို့ “အို ဘုရားသခင် အကျွန်ုပ်ကို စစ်ကြော၍ အကျွန်ုပ်၏နှလုံးကို သိမှတ်တော်မူပါ။ စုံစမ်း၍ စိတ်အထင်များကိုလည်း သိမှတ်တော်မူပါ။ ဆိုးသောလမ်းသို့ အကျွန်ုပ်လိုက်သည်။ မလိုက်သည်ကို ကြည့်ရှု၍ ထာဝရလမ်းထဲသို့ သွေးဆောင်တော်မူပါ” (ဆာ ၁၃၉း၂၃-၂၄) ဟု ဘုရားထံ အစစ်ခံရပါမည်။ ဘုရားရှင်က စစ်ဆေး၍ သူတွေ့ရှိသည်တို့ကို နှစ်သက်မည်မဟုတ်။ မိမိကိုယ်ကို ၀န်ခံအစစ်ခံရန်ကလည်း ခက်ပါသည်။ သို့ငြားလည်း ပူပန်စိုးရိမ်စိတ်မရှိဘဲ ဘုရားရှင်ထံ ချဉ်းကပ်နိုင်ပါသည်။
တစ်ခါတစ်ရံ၌ နာကျင်ရလည်း ကျွန်တော်တို့ကို စစ်ကြောသည့် ဘုရားရှင်၏လက်တော်က ကြင်နာမှုဖြင့် သိမ်မွေ့ပေ၏။ - David Roper

 
ကယ်တင်ရှင်ဘုရား ယနေ့ ကျွန်ုပ်နှလုံးကို စစ်ကြော၍ သိမှတ်ပါ။
အတွေးများကို စုံစမ်း၍ သိမှတ်ပါ။
လမ်းလွဲသို့ ရောက်နေလျှင် ပြစ်လွှတ်၍ လမ်းမှန်သို့ ပို့ဆောင်မူပါ။ - Orr
---------------------------------------------------------------------------------
နောင်တဟူသည် နာကျင်သော်လည်း 
သက်သာပျောက်ကင်းနိုင်သော ဒဏ်ရာဖြစ်သည်။