နေ့စဉ်ခွန်အား
 

Burmese Bible       Burglish Version - Test Page     ODB Sep~Nov

<

NOVEMBER  2009

>

S M T W T F S   S M T W T F S
1 2 3 4 5 6 3   21 22 23 24 25 26 27
7 8 9 10 11 12 13   28 29 30        
14 15 16 17 18 19 20                
နိုဝင်ဘာလ (၆)ရက်၊ သောကြာနေ့
အသက်ဝင်လာသည့် ရာဇ၀င်     ဖတ်ရန်၊ ထွ ၁၃း၁၄-၁၆

သင်တို့၏ သားမြေးတို့က ဤ၀တ်ကိုပြု၍ အဘယ်သို့ ဆိုလိုသနည်းဟု မေးမြန်းကြလျှင် ... ပသခါယဇ်ဖြစ်သတည်းဟု ပြန်ပြောကြရမည်။  ထွ ၁၂း၂၆-၂၇

သမ္မာကျမ်းစာတစ်နှစ်တာ။  ယေ ၃၇-၃၉၊ ဟေဗြဲ ၃

Night at the Museum ဆိုသည့် ဟာသရုပ်ရှင်သည် သဘာဝသမိုင်းပြတိုက်မှ လုံခြုံရေး ညစောင့်တစ်ယောက်၏ ညအချိန် အတွေ့အကြုံကို ရိုက်ပြ ထားခြင်းဖြစ်သည်။ ညအချိန်တွင် ခင်းကျင်းပြသထားသော သူနှင့်တိရ စ္ဆာန်တို့သည် အသက်ဝင်လာပြီး သူ့ကို ချောက်လှန့်သည်။
ဤရုပ်ရှင်ကို ကြည့်ပြီးနောက် ပြတိုက်တစ်ခုမှ တာဝန်ရှိသူများက အလားတူအဖြစ်မျိုးကို ဖန်တီးခဲ့ကြသည်။ ၀န်ထမ်းများက ရှေးခေတ် လက်နက်ကိုင် မြင်းစီးသူရဲများ၊ ၀ိတိုရိယခေတ်က အမျိုးသမီးများ၊ အီဂျစ်ပြည်မှ နန်းတွင်းသားများအသွင် ၀တ်စားလျက် ဟန်ဆောင်ရသည်။ ပြတိုက်သို့ လာရောက်လာကြသည့် ကလေးများအား ထိုအရုပ်များသည် အသက်ဝင်လာပြီး လျှောက်သွားသဖြင့် သူတို့နေရာအသီးသီးသို့ ပြန်ပို့ပေးရမည်ဟု ပြောပြသည်။ ကလေးများက အရုပ်များကို ပြန်ပို့ပေးခြင်းဖြင့် သူတို့အတွက် သမိုင်းသည် စိတ်ဝင်စားစရာဖြစ်လာသည်။
ရာဇ၀င်သမိုင်းကို ကလေးများ စိတ်မ၀င်စား၊ ငြီးငွေ့ခြင်းမျိုး မဖြစ်သင့်ပါ။ အထူးသဖြင့် သမ္မာကျမ်းမှ ဖြစ်ရပ်များဆို ပို၍ပင် မဖြစ်သင့်ပါ။ ဥပမာ မောရှေအကြောင်းတွင် ကလေးငယ်ဘ၀က သေဘေးမှ သီသီကလေး လွတ်သွားပြီး၊ နန်းတွင်း၌ မင်းသားတစ်ပါးအဖြစ် အတတ်ပညာများ ဆည်းပူးခွင့် ရခဲ့သည်။ အံ့ဖွယ်အမှုကြီးများကို ပြုခဲ့သည်။ ပညတ်တော်(၁၀)ပါး ရေးထွင်းထားသည့် ကျောက်ပြားကို ဘုရားသခင်ထံမှ လက်ခံရရှိခဲ့သည်။ ကလေးများအား မောရှေပုံပြင်က စိတ်ဝင်စားစရာဖွယ် ဘုရားသခင်အကြောင်း သင်ကြား ပေးလိမ့်မည်။
အဲဂုတ္တုပြည်မှ လွတ်မြောက်လာခဲ့ပြီးနောက် ထွက်မြောက်ရာကျမ်း အခန်းကြီး ၁၂-၁၃ နှင့် တရားဟောရာကျမ်း အခန်းကြီး ၆ တို့တွင် မောရှေက ကလေးလူငယ် မျိုးဆက်ပေါင်း များစွာအား ယုဒလူတို့၏ သမိုင်းကို ရှင်းလင်းသင်ကြားပေးခဲ့၍ ယုဒသမိုင်း၏ အရေးပါသော အချက်များ လေ့လာခွင့် ရကြသည်။
ကျွန်ုပ်တို့သည်လည်း ကလေးများအား အချိန်ယူ၍ သမ္မာကျမ်းပါ အကြောင်းခြင်းရာများကို သွန်သင်ပေးသင့်သည်။ ဤသို့ဖြင့် ကျမ်းသမိုင်း အသက်ဝင်၍ သူတို့ စိတ်ဝင်စားလာကြလိမ့်မည်။  - Dennis Fisher

 
ဘုရားသခင်က သမိုင်းတလျှောက် လူသားများ၏ အသက်တာကို 
မည်သို့မည်ပုံ ပြုစုပေးကြကြောင်းကို နှုတ်ကပတ်တော်အားဖြင့် သိရ၏။ - Sper
---------------------------------------------------------------------------------------
သမ္မာကျမ်းစာတွင် အဖိုးတန်ရတနာများရှိနေရာ တူးဖော်သူများတွေ့လိမ့်မည်။