READ: 1 Peter 4:12-19
|
နေ့စဉ်ခွန်အား |
|
|||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
|
အညှဉ်းဆဲခံအသင်းတော် ဖတ်ရန်၊ ၁ ပေ ၄း၁၂-၁၉ ခရစ်ယာန်ဖြစ်သောကြောင့် ခံရလျှင်မူကား ရှက်ကြောက်ခြင်းမရှိစေနှင့်။ ထိုအမှုကြောင့်ခံရလျှင် ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းစေ။ ၁ ပေ ၄း၁၆ သမ္မာကျမ်းစာတစ်နှစ်တာ။ ယေ ၄၃-၄၅၊ ဟေဗြဲ ၅ ၂၀၀၆ ခုနှစ် အောက်တိုဘာလက ယုံကြည်သူမိသားစု တစ်စုထံသို့ အကြမ်းဖက်သမားများ ရောက်လာပြီး အိမ်ထောင်ဦးစီးအား ယေရှုကို စွန့်ပယ်ရန် ခြိမ်းခြောက်သည်။ ဖခင်ကငြင်းဆိုရာတွင် သူ့ကို ရက်စက်စွာ နှိပ်စက်ပြီး ဇနီးနှင့်သားသမီး ၆ယောက်တို့အား ဖခင်ကြီးညှဉ်းပန်း နှိပ်စက်ခံနေရပုံကို အတင်းအဓမ္မကြည့်ခိုင်းသည်။ ဖခင်က ခရစ်တော်သည် သခင်ဖြစ်ကြောင်း ချီးမွမ်းကြွေးကြော်လျက် မိသားစုအတွက် ဆုတောင်းနေစဉ် အသတ်ခံလိုက် ရသည်။ ပူဆွေးဝမ်းနည်းနေလျက်ပင် ခရစ်တော်နောက် လိုက်မြဲလိုက်မည်ဟု မိသားစုက သန္နိဌာန်ချလိုက်သည်။ အခြားသူတစ်ဦးမှာ အခြားဘာသာကို ပုတ်ခတ်စော်ကားမှုဖြင့် ထောင် ၃ နှစ်ကျသွားသည်။ ထိုသူသည် ခရစ်တော်ကို ချစ်သူ၊ စကားကို ပွင့်လင်းစွာ ပြောတတ်သူဖြစ်သည်။ သူတို့မိသားစုသည်လည်း ကိုယ်တော်ရှင်အား စွန့်လွှတ်ရန် ငြင်းဆန်ခဲ့ကြသည်။ ကနဦးအသင်းတော်ရှိ ယုံကြည်သူ ယုဒလူများသည် ညှဉ်းပန်း နှိပ်စက်ခြင်းခံရသကဲ့သို့ ခရစ်ယာန်ဘာသာသည် ညှဉ်းဆဲခြင်းအမျိုးမျိုး ခံရသည်။ “ခရစ်တော် ယေရှုအားဖြင့် ... ခပ်သိမ်းသောကျေးဇူးကို ပြုတော်မူသော ဘုရားသခင်သည် ခဏဆင်းရဲခံပြီးသော သင်တို့ကို စုံလင်၊ တည်ကြည်၊ ခိုင်ခံ့ မြဲမြံစေတော်မူမည်” (၁ ပေ ၅း၁၀) ဟု ရှင်ပေတရုက ဆုတောင်းပေးခဲ့သည်။ ယနေ့သည် ညှဉ်းဆဲခံ အသင်းတော်များအတွက် ကမ္ဘာလုံးဆိုင်ရာ ဆုတောင်းရာနေ့ ဖြစ်သောကြောင့် ညှဉ်းဆဲခံနေရဆဲ ခရစ်ယာန်များကို အားပေးရန် Open Door USA အဖွဲ့က အထူးဆုတောင်းချက်များကို တင်ပြထားပါသည်။ - ခရစ်တော်အကြောင်း မဝေငှရဟု ပြဌာန်းထားသော နိုင်ငံများတွင် လျှို့ ၀ှက်နေကြရသော ယုံကြည်သူများ၏ လုံခြုံရေး၊ ယုံကြည်မှု ထိန်းထားနိုင်ရေး။ - ၀မ်းမြောက်ဖွယ်သတင်းကြောင့် အကျဉ်းချခံနေကြရသော ယုံကြည်သူများ၏ ကျန်းမာရေးအတွက်၊ သည်းခံနိုင်စွမ်းနှင့် ခွန်အားရစေရေး။ - မာတုရသေခြင်းကို ခံယူသွားသူများနှင့် ကျန်ရစ်သူ ဆွေမျိုးများအတွက် ဘုရားရှင်ထံမှ ခွန်အားရရှိရေး။ ဆုတောင်းခြင်းဖြင့် ယုံကြည်သူချင်းတို့ကို ဘုရားရှေ့ တော်မှောက်သို့ အတူတကွ ဆောင်သွင်းကြပါစို့။ - Anne Cetas --------------------------------------------------------------------------------- မာတုရတို့၏ သွေးစက်များသည် အသင်းတော်၏ မျိုးစေ့များဖြစ်သည်။ - Tertullian
|
|