READ: Psalm 42
|
နေ့စဉ်ခွန်အား |
|
|||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
|
စိတ်ဆန္ဒပြင်းပြတောက်လောင်ခြင်း ဖတ်ရန်၊ ဆာ ၄၂ သမင်ဒရယ်သည် ရေစီးသောချောင်းကို တောင့်တသကဲ့သို့ အကျွန်ုပ်ဝိညာဉ်သည် ကိုယ်တော်ကို တောင့်တပါသည်ဘုရား။ ဆာ ၄၂း၁ သမ္မာကျမ်းစာတစ်နှစ်တာ။ ယေ ၄၆-၄၇၊ ဟေဗြဲ ၆ သင်းအုပ်ဆရာကြီး A. W. Tozer (၁၈၉၇ - ၁၉၆၃) သည် ကျော်ကြားသည့် ခရစ်ယာန်ဓမ္မ ပညာရှင်ကြီးများ အကြောင်းကို ကောင်းစွာ လေ့လာခဲ့သဖြင့် ထိုပုဂ္ဂိုလ်ကြီးများ အကြောင်းကို လွယ်ကူစွာ ရေးသားတင်ပြနိုင်ခဲ့သည်။ သူက “ရှေးကာလက သန့်ရှင်းသူဆရာကြီး ဆရာမကြီးများရဲ့ အသက်တာကို အနီးကပ် လေ့လာကြည့်ပါ။ သူတို့ ဘုရားသခင်အပေါ် တောင့်တတဲ့စိတ် ဘယ်လောက်ပြင်းပြသလဲ ဆိုရင် စိတ်ဆန္ဒအရှိန်ကို ခံစားသိရလိမ့်မယ်။ သူတို့တွေဟာ နေ့ည အချိန်အခါမရွေး ညည်းတွားလျက် ဆုတောင်းပြီး ဘုရားကို ရှာဖွေကြတယ်။ သခင့်ကို တွေ့ ရပြီဆုရင် အချိန်ကြာကြီး ရှာရကျိုး နပ်ပြီးလို့ ခံစားကြတယ်” ဟု သူ့ခံစားချက်နှင့် ကျွန်ုပ်တို့ကို စိန်ခေါ်သည်။ ဆာလံ ၄၂ ကို ရေးဖွဲ့ ခဲ့သူသည် ဆရာ Tozer ပြောသကဲ့သို့ ဘုရားသခင်အား တောင့်တခဲ့သည်။ ဘုရားသခင်နှင့် ကင်းကွာနေသည်ဟု ခံစားလျက် ရေအလွန်ဆာငတ်နေသည့် သမင်ဒရယ်များ ရေကိုတောင့်တသကဲ့သို့ သူ့ အနီးတွင် ဘုရားရှင်ရှိရန် ပြင်းပြစွာ တောင့်တခဲ့သည်။ “သခင်ဒရယ်သည် ရေစီးသောချောင်းကို တောင့်တသကဲ့သို့ အကျွန်ုပ်ဝိညာဉ်သည် ကိုယ်တော်ကို တောင့်တပါသည်ဘုရား” (ဆာ ၄၂း၁-၂) ဟု ရေးစပ်ခဲ့သည်။ ဘုရားရှင်ကို ရလိုသောဆန္ဒ ကြီးမားလွန်းပြီး ပူဆွေးလှသောကြောင့် အစာပင် မစားနိုင်ဘဲ ငိုကြွေးခဲ့သည် (း၃)။ သို့သော်လည်း ဘုရားရှင်အား မျှော်လင့်လျက် ထံတော်ပါးမှ မစတော်မူခြင်းနှင့် အနီးတွင် တည်ရှိနေတော်မူခြင်းကို ခံစားရ၍ ကျေးဇူးတော်ကို ချီးမွမ်းသောအခါ သူ၏မွတ်သိပ်မှု သက်သာရာရခဲ့သည် (ဆာ ၄၂း၅-၈)။ ကိုယ်တော်ရှင်အား ဆာငတ်တောင့်တခြင်း ဆန္ဒသည် ပြင်းထန်လှသည်ဖြစ်၍ ထိုပြင်းပြတောက်လောင်မှု အရှိန်ကို လူအများခံစားမိကြပါစေသော။ - Marvin Williams ကိုယ်တော်နှင့် နီးစွာသွားမည်။ ကိုယ်တော်ကိုတိုး၍ သိကျွမ်းလိုပါ၏ဘုရား။ အသက်နှင့်လမ်းခရီးဖြစ်၍ ကျေးဇူးတော်၊ မေတ္တာတော်နှင့် တန်ခိုးတော်ကို သိစေပါ။ - Cetas ---------------------------------------- ယေရှုတစ်ပါးတည်းသာ သက်စမ်းရေဖြစ်သောကြောင့် ငတ်မွတ်သောစိတ်ဝိညာဉ်အား ပြေစေနိုင်ပါ၏။
|
|