နေ့စဉ်ခွန်အား
 

Burmese Bible       Burglish Version - Test Page     ODB Sep~Nov

<

NOVEMBER  2009

>

S M T W T F S   S M T W T F S
1 2 3 4 5 6 3   21 22 23 24 25 26 27
7 8 9 10 11 12 13   28 29 30        
14 15 16 17 18 19 20                

ိုနိုဝင်ဘာလ (၁၁)ရက်၊ ဗုဒ္ဓဟူးနေ့
စိတ်နှိမ့်ချ၍ သတ္တိပြပါ ဖတ်ရန်၊ ဖိ ၂း၁၉-၃၀

သို့ဖြစ်၍ ဘုရားသခင်ကိုထောက်လျက် ၀မ်းမြောက်သောစိတ်နှင့် သူ့ကိုလက်ခံကြလော့။ ဖိ ၂း၂၉

သမ္မာကျမ်းစာတစ်နှစ်တာ။ ယေရမိ ၅၀၊ ဟေဗြဲ ၈

သာသနာ့ဝန်ထမ်းများမှအစ ဥပဒေပညာရှင်များ၊ လုပ်ငန်းကြီးများမှ အုပ်ချုပ်ရေးမှူးများအဆုံး လူများစွာတို့သည် မိမိတို့နှင့် မထိုက်တန်ဘဲ ရဲစွမ်းသတ္တိရှိသူများကိုသာ ချီးမြှင့်သည့် ဘွဲ့တံဆိပ်များရရှိရန် မဟုတ်မမှန်ဘဲ လျှောက်ထားကြကြောင်း Chicago Tribune သတင်းစာက ရေးသားထားသည်။ မမှန်မကန်လုပ်ကြံထားသော စစ်မှတ်တမ်းများနှင့် သူရဲကောင်းအတုများသည် မယုံနိုင်လောက်အောင် ပျံ့နှံ့လျက်ရှိချေပြီ။ ရေတပ်တံဆိပ်ကို လိမ်လည်၍ တောင်းခဲ့သူတစ်ဦးကမူ အလွန်ရှက်မိသည်ဟု ၀န်ခံလျက် စစ်မှန်သော “သူရဲကောင်းများသည် သူတို့၏ ထူးချွန်စွာ ဆောင်ရွက်ခဲ့ပုံများကို ထုတ်ဖော်ပြောလေ့မရှိပါ” ဟု ရင်ဖွင့်သွားသည်။
တစ်ဦးတစ်ယောက်၏ ကောင်းကျိုးအတွက် မိမိအသက်ကို ပဓာနမထားဘဲ စွန့်စားဝံ့သူများသည်သာ စစ်မှန်သောသူရဲကောင်းဖြစ်သည်။ ပေါလုက သူနှင့်အတူ အမှုတော်ဆောင်ခဲ့သော လုပ်ဖော်ဆောင်ဖက်နှစ်ဦးကို ယုံကြည်ခြင်းသူရဲကောင်းများအဖြစ် အမွန်းတင်ထားသည်။ ကိုယ်ကျိုးမငဲ့သော၊ စေတနာထားသော၊ စိတ်ထားအကျင့်အကြံ မြင့်မြတ်သော တိမောသေကို သူနှင့်အတူ ဧ၀ံဂေလိတရားကို ပြုစုသူ၊ သူ၏သားစစ်ဟု ရှင်ပေါလုချီးမွမ်းခဲ့သည်။ ဧပဖြာဒိတ်ကိုမူ “ငါ့ညီ၊ လုပ်ဖော်ဆောင်ဖက်၊ ရဲဘော်ရဲဘက်၊ ခရစ်တော်၏ အမှုတော်အတွက် အသက်ရင်းလျက် သေချင်းသို့ ရောက်လုနီးသူဟု ဖော်ပြထားသည် (း၂၅၊၃၀)။
ရှင်ပေါလုက “ထိုသို့သော သူတို့ကို ရိုသေလေးမြတ်ကြလော့” (း၂၉)ဟု ထောက်ခံပြောဆိုခဲ့သည်။ ဘုရားသခင်အတွက် ကိုယ်ကျိုးမဖက်ဘဲ ဆက်ကပ်အစေခံသူ အချင်းချင်း တစ်ဦးကိုတစ်ဦး ဂုဏ်ပြုခြင်းသည် လူစွမ်းကောင်းများကို ကိုးကွယ်ခြင်းမဟုတ်ပါ။ စစ်မှန်သော အသက်တာကို လေးစားခြင်းသာဖြစ်ပြီး နှုတ်ကပတ်တော်နှင့် ညီသည့် အလိုတော်လမ်းဖြစ်သည်။
နာမတော်၌ နှိမ့်ချခြင်းသတ္တိဖြင့် အခြားသူများအား မစနေသည့် လူတစ်ဦးတစ်ယောက် ရှိပါသလား။ ထိုသူကို အားပေးစကားပြောခြင်းဖြစ်စေ၊ ချီးမွမ်းဂုဏ်ပြုခြင်းဖြစ်စေ၊ တစ်ခုခုကို ယနေ့သင်ပြုနိုင်မည်လား။ - David McCasland

ကောင်းကင်နိုင်ငံတော်၏ သူရဲကောင်းတို့သည် လောက၌ကျော်ကြားရန်
သူတို့ဂုဏ်ပုဒ်ကို ကမ္ဗည်းမတင်။ ဘုရင်တကာတို့၏ ဘုရင်အား သစ္စာရှိစွာ
အစေခံကာသာ အမွေအနှစ်များချန်ရစ်တာ - Gustafson
----------------------------------------------------------------------------------------
ခရစ်တော်အား ယုံကြည်ခြင်းစိတ်က
သာမန်လူတို့အား ထူးမြတ်သော သူရဲကောင်းများဖြစ်၏။