နေ့စဉ်ခွန်အား
 

Burmese Bible       Burglish Version - Test Page     ODB Sep~Nov

<

NOVEMBER  2009

>

S M T W T F S   S M T W T F S
1 2 3 4 5 6 3   21 22 23 24 25 26 27
7 8 9 10 11 12 13   28 29 30        
14 15 16 17 18 19 20                

နိုဝင်ဘာလ (၁၂)ရက်၊ ကြာသပတေးနေ့
မတည်မြဲသောအသက်တာ ဖတ်ရန်၊ ယောဘ ၁း၁၃-၂၂

ငါတို့သည် မိမိကိုယ်ကို အစဉ်မကိုးစားဘဲ သေသောသူတို့ကို ထမြောက်စေသော ဘုရားသခင်ကို ကိုးစားမည်။ ၂ ကော ၁း၉

သမ္မာကျမ်းစာတစ်နှစ်တာ။ ယေရမိ ၅၁-၅၂၊ ဟေဗြဲ ၉

Yellowstone အမျိုးသားဥယျာဉ်ကြီးမှ သဘာဝပထ၀ီအနေအထားက စိတ်ဝင်စားဘို့ကောင်းသည်။ ရေပူစမ်းများကြား သွားလာရင်း ကျွန်မသည် အန္တရာယ်ရှိသည့် ကျောက်သားများပေါ်တွင် လမ်းလျှောက်နေသည်ကို သိလိုက်ရသည်။ ကမ္ဘာ့အကြီးဆုံး မီးရှင်တောင်ပေါ်တွင် ရောက်နေခြင်း ကြောင့်ပါ။
ယောဘ၀တ္ထုကို လေ့လာသောအခါ Yellowstone ဥယျာဉ်ထဲတွင် မီးတောင်ပေါက်ပြီး ပျက်စီးနေချိန်၌ ကျွန်မရောက်သွားသကဲ့သို့ ခံစားမိလာသည်။
Yellowstone သို့ လာရောက်လည်ပတ်ကြသည့် ကမ္ဘာလှည့်ခရီးသည်များ ကဲ့သို့ပင် ယောဘကြီးသည် ဘ၀၏သာယာမှုကို ခံစားလျက်ရှိသည်။ အလွှာပါးပါးလေးသာ ခြားလျက် ဘေးအန္တရာယ်များက ကျောကပ်နေကြောင်း သူမသိပါ။ စိုးရိမ်စရာမရှိဟု ခံစားခဲ့ရသည် (ယောဘ ၁း၉-၁၀)။ ဘုရားသခင်က ထိုအလွှာပါးကို ဖယ်ရှားပြီး ယောဘအား သွေးတိုးစမ်းရန် စာတန်ကို အခွင့်ပေးလိုက်ရာ ယောဘ၏ဘ၀ ပေါက်ကွဲပျက်ဆီး ရလေပြီ (ယောဘ ၁း၁၃-၁၉)။
အကြောင်းတစ်ခုခုကြောင့် ဘုရားသခင်၏ ကွယ်ကာမှုကင်းမဲ့နေသယောင် အခြေအနေ၌ ယုံကြည်သူအများတို့ ဘ၀အသက်ရှင်နေကြသည်။ အချို့က မသိနိုင်သော အကြောင်းတစ်စုံတစ်ရာကြောင့် ဘ၀မတည်မြဲသည်ကို အမှုမဲ့ အမှတ်မဲ့ဖြစ်လျက် အေးအေးလူလူ သွားလာနေကြသည်။ ယောဘ၏ မိတ်ဆွေများကဲ့သို့ မကောင်းမှုမလုပ်သရွေ့ အကျိုးနည်းစရာ မကြုံရဟု ခံယူကြသည်။
သို့သော် ကောင်းမြတ်၍ အပြစ်ကင်းသူများကိုလည်း ဘုရားရှင်က ဒုက္ခပေးတွေ့ကြောင်း ယောဘ၀တ္ထုအားဖြင့် နားလည်ရသည်။ ထို့ကြောင့် ဘေးဒုက္ခသည် အချိန်အခါမရွေး လူသားများအပေါ်သို့ ကျရောက်နိုင်သော်လည်း ခရစ်တော်အား ယုံကြည်သူတို့သည် ဆုံးရှုံးခြင်းသို့ မရောက်နိုင်၊ မပျက်ဆီးနိုင် (၂ ကော ၄း၉)။ အဘယ်ဘေးအန္တရာယ်မျိုးကမှ ကျွန်မတို့ကို ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် မကွာစေနိုင်ပါ။ - Julie Ackerman Link
 

ဘ၀ခရီးလမ်းသည် နေ့စဉ်မှောင်မိုက် ကြမ်းတမ်းပြီး ပူပန်သောကဖိစီးလျှင်
သည်းခံစိတ်ဖြင့် မေတ္တာတော်၌ ငြိမ်သက်စွာ ခိုလှုံလျက်
ဘုရားရှင်သာ အသိဆုံးပါဟု ၀န်ခံနိုင်စေ။ - Pentecost
-------------------------------------------------------------------------------
အရာခပ်သိမ်း ပြိုလဲပျက်ဆီးသော်လည်း မေတ္တာတော်က တည်မြဲ၏။