နေ့စဉ်ခွန်အား
 

Burmese Bible       Burglish Version - Test Page     ODB Sep~Nov

<

NOVEMBER  2009

>

S M T W T F S   S M T W T F S
1 2 3 4 5 6 3   21 22 23 24 25 26 27
7 8 9 10 11 12 13   28 29 30        
14 15 16 17 18 19 20                

နိုဝင်ဘာလ (၁၅)ရက်၊ တနင်္ဂနွေနေ့
နှစ်သက်ဖွယ်သောအမှု ဖတ်ရန်၊ ဟေဗြဲ ၁၁း၁-၆

သခင်ဘုရားနှစ်သက်တော်မူသောသူဖြစ်ခြင်းငှာ စေတနာစိတ်ရှိ၍ ကြိုးစားအားထုတ်ကြ၏။ ၂ ကော ၅း၉

သမ္မာကျမ်းစာတစ်နှစ်တာ။ ယေဇ ၁-၂၊ ဟေဗြဲ ၁၁း၁-၁၉

Campbell ဟင်းဘူးတံဆိပ် ကြော်ငြာများရေးဆွဲသည့် ပန်းချီဆရာ Andy Warhol က “အနာဂါတ်ကာလတွင် လူတိုင်းလူတိုင်း ၁၅မိနစ်ခန့် ကျော်ကြားခွင့် ရလိမ့်မည်” ဟု ပြောဖူးသည်။ သို့သော် ထိုအဆိုက မမှန်ပါ။ မီးမောင်းထိုးမခံရသော လူသန်းပေါင်းများစွာ ရှိသည်။ အချို့ က ဘ၀ တစ်လျှောက်လုံး ဘုရားသခင်နှစ်သက်သော လိမ္မာသော ကလေးများကို ကြိုးကြိုးစားစား ပျိုးထောင်ပေးကြသည်။ အချို့ က အခြားသူများအတွက် သစ္စာရှိစွာ ဆုတောင်းပေးကြသည်။ ယေရှုရှင်ကို မသိသေးသောသူများအား ယုံကြည်ခြင်းကို ဝေမျှသူ၊ ဥပုသ်စာဖြေကျောင်းတွင် သင်ကြားပို့ချပေးသူ၊ နာမကျန်းသူတို့အား ကျွေးမွေးစောင့်ရှောက်ပေးသူ၊ အိုမင်းမစွမ်း ဖြစ်သူများအား ဆေးရုံဆေးခန်းများသို့ ပို့ပေးသူ စသည် စသည်ဖြင့် မရေတွက် နိုင်အောင် ကြင်နာသော ဂရုဏာအမှုများ ပြုကြသည်။
၎င်းတို့သည် မိသားစုနှင့် မိတ်ဆွေအသိုက်အ၀န်း၏ ပြင်ပ၌ အသိအမှန်ပြုခြင်း မခံရကြပါ။ သူတို့အမည်ကို လူတို့မသိကြပါ။ သူတို့ဘ၀ကို စိတ်စေတနာ အလျောက် ကိုယ်ကျိုးစွန့်၍ ပေးဆပ်ကြသော်လည်း ထိုအမှုများအတွက် ဂုဏ်ပြုချီးကျူးခြင်းနှင့် ကျေးဇူးတုန့်ပြန်မှုကိုပင် မရကြပါ။ သို့သော်ငြားလည်း သူတို့၏ သစ္စာရှိခြင်းနှင့် အနစ်နာခံခြင်း အမှုများကို ဘုရားသခင်က သိမှတ်တော်မူ၏။
“သခင်ဘုရား သိမှတ်တော်မူသောသူ ဖြစ်ခြင်းငှာ စေတနာစိတ်ရှိ၍ ကြိုးစားအားထုတ်ကြရန်” (၂ ကော ၅း၉) ဤကျမ်းပိုဒ်က သွန်သင်လျှက်ရှိပါ၏။ ကျွန်ုပ်တို့သည် ကိုယ်တော်ရှင်အား ယုံကြည်ခြင်းဖြင့် လက်ခံထားပြီး အသက်တာ တစ်ခုလုံးကို ကိုယ်တော်ရှင်အတွက် အစေခံရန် ဆက်ကပ်ပြီး ဖြစ်ပါက “ဘုရားသခင်၏ စိတ်တော်နှင့် တွေ့ လိမ့်မည်” (ဟေဗြဲ ၁၁း၆)။ ထိုသို့ ကိုယ်တော်စိတ်တော်နှင့် တွေ့ ၍ နှစ်သက်ခြင်းက ကျွန်ုပ်တို့အတွက် လုလဘ်ပင် ဖြစ်သည်။ အကြောင်းမှာ လူတို့၏ ချီးကျူး သြဘာပေးခြင်းထက် ဘုရားရှင်၏ နှစ်သက်တော်မူခြင်းကို ခံစားရခြင်းက သာ၍ ချိမြိန်ပေ၏။ - Cindy Hess Kasper

လူ့အသိုင်းအ၀ိုင်း၏ ချီးကျူးမြှောက်စားခြင်းကို မတမ်းတနှင့်
ကယ်တင်ရှင်က သင့်ကိုတွေ့ ပြီး အသက်တာတစ်ခုလုံး ဆက်ကပ်ရန်
သင့်ကိုခေါ်တော်မူခြင်းက လုံလောက်ပေ။ - Hess
-------------------------
ကိုယ်တော်ရှင်အတွက် အစေခံခြင်းအမှုကို ဘုရားသခင်နှစ်သက်၏။