နေ့စဉ်ခွန်အား
 

Burmese Bible       Burglish Version - Test Page     ODB Sep~Nov

<

NOVEMBER  2009

>

S M T W T F S   S M T W T F S
1 2 3 4 5 6 3   21 22 23 24 25 26 27
7 8 9 10 11 12 13   28 29 30        
14 15 16 17 18 19 20                

နိုဝင်ဘာလ (၁၇)ရက်၊ အင်္ဂါနေ့
ဒင်္ဂါးနှစ်ပြား ဖတ်ရန်၊ မာ ၁၂း၄၁-၄၄

...ထိုမိန်းမမူကား အလွန်ဆင်းရဲလျက်ပင် မိမိအသက်မွေးစရာ ဥစ္စာရှိသမျှကို သွင်းချလေပြီဟု မိန့်တော်မူ၏။ မာ ၁၂း၄၄(ခ)

သမ္မာကျမ်းစာတစ်နှစ်တာ။ ယေဇ ၅-၇၊ ဟေဗြဲ ၁၂

သခင်ယေရှုသည် ဗိမာန်တော်ရှိ ဘဏ္ဍာတော်တိုက်အနီး၌ ထိုင်လျှက်ရှိပြီး ဖြတ်သန်းသွားလာကြသူများ ဗိမာန်တော်အတွက် အလှူငွေ ထည့်ဝင်ကြသည်ကို မြင်နေရသည် (မ ၁၂)။ အချို့ မိမိတို့မည်မျှထည့်သည်ကို အခြားသူများမြင်အောင်၊ အထင်ကြီးအောင် ပြသကြသည်။ ဆင်းရဲသော မိန်းမတစ်ဦးသည်လည်း ရောက်လာ၍ ဒင်္ဂါးနှစ်ပြားကို ထည့်ဝင်ခဲ့သည်။
ဒင်္ဂါးပြားသည် တန်ဘိုးအနည်းဆုံးသော ငွေကြေးဖြစ်သည်။ ထို့ကြောင့် မုဆိုးမ၏ အလှူငွေသည် လူတို့အမြင်၌ ဘာမှမဟုတ်၊ နည်းလွန်းလှသည်။ သို့သော် ကျွန်ုပ်တို့၏ သခင်က မည်သူမျှမမြင်သောအရာကို မြင်ခဲ့သည်။ “သူမ၌ ရှိသမျှကို” ပေးလှူခဲ့သည် (မာ ၁၂း၄၄)။ မုဆိုးမက လူတို့အာရုံစိုက်မိ အောင်လည်း မပြု၊ သူပြုနိုင်သမျှကိုသာ ပြုခဲ့ခြင်းဖြစ်ပြီး ၄င်းကို သခင်ယေရှု သတိပြုမိခြင်းပါ။
မိမိ၏လုပ်ဆောင်မှုက မည်မျှပင် သေးငယ်သော်လည်း ဘုရားသခင် သိမြင်တော်မူကြောင်းကို ကျွန်ုပ်တို့ မမေ့လျော့သင့်ပါ။ ဘ၀ခက်ခဲချိန်များတွင် အားပေးသည့် ရွှင်လန်းသော အပြုံးတစ်ချက် (သို့) အမှတ်တမဲ့ပြုသော ချစ်ခြင်းမေတ္တာ၊ ကြင်နာမှု စသည်ဖြင့် ဖြစ်ကောင်းဖြစ်လိမ့်မည်။ ကိုယ်နှင့် စပ်ဆိုင်သူအတွက် ငြိမ်ဝပ်စွာ တိတ်တဆိတ် ဆုတောင်းပေးခြင်းလည်း ဖြစ်နိုင်ပါသည်။
သခင်ယေရှုက “လူများတို့ မြင်စေခြင်းငှါ ကိုယ်သီလအကျင့်ကို သူ့ရှေ့ မှောက်၌ မကျင့်မည်အကြောင်း သတိပြုကြလော့။ သို့မဟုတ် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘထံမှ အကျိုးကိုမခံရကြ။ ... သင်သည် အလှူဒါနကို ပေးသောအခါ ပေးကြောင်း မထင်ရှား ... စေနှင့်။ မထင်ရှားသော အရာကို မြင်တော်မူသော သင်တို့၏အဘသည် အကျိုးကို ထင်ရှားစွာ ပေးတော်မူလတ္တံ့ ” (မ ၆း၁-၄) ဟု ဆိုခဲ့ပါသည်။ - David Roper

ကျွန်ုပ်တို့၏ အလှူဒါနသည် နှလုံးသားမှ မေတ္တာအပြည့်နှင့် ကိုယ်ကျိုးစွန့်သော အလှူဖြစ်စေပါ။
လျှို့ ၀ှက်လျက် မဖော်ပြဘဲထားလျှင် အထက်အရပ်မှ ဘုရားသခင်ကျေနပ်၏။ - Sper
-------------------------
ဘုရားသခင်က ဘာပေးသလဲမကြည့်ပါ။ ပေးလှူသူနှင့် သူ၏စိတ်နှလုံးသားကိုသာ ကြည့်တာ။