နေ့စဉ်ခွန်အား
 

Burmese Bible       Burglish Version - Test Page     ODB Sep~Nov

<

NOVEMBER  2009

>

S M T W T F S   S M T W T F S
1 2 3 4 5 6 3   21 22 23 24 25 26 27
7 8 9 10 11 12 13   28 29 30        
14 15 16 17 18 19 20                

နိုဝင်ဘာလ (၁၈)ရက်၊ ဗုဒ္ဓဟူးနေ့
ဘုရားသခင်သည် ရွံ့ ဖြင့် အလုပ်လုပ်သည် ဖတ်ရန်၊ ကမ္ဘာ ၂း၁-၇

ထာဝရအရှင် ဘုရားသခင်သည် မြေမှုန့်ဖြင့် လူကိုဖန်ဆင်း၍ သူ၏နှာခေါင်းထဲသို့ ဇီဝအသက်ကို မှုတ်တော်မူ လျှင် လူသည် အသက်ရှင်သော သတ္တ၀ါ ဖြစ်လေ၏။ က ၂း၇

သမ္မာကျမ်းစာတစ်နှစ်တာ။ ယေဇ ၈-၁၀၊ ဟေဗြဲ ၁၃

၁၉၅၀ ခုနှစ်က ထုတ်ဝေသော ၀တ္ထုတစ်ပုဒ်တွင် ရွာသားလေးဦးတို့သည် တစ်ဦးနှင့်တစ်ဦး မိမိတို့အပြစ်များကို ၀န်ချခြင်းအကြောင်း ပါရှိသည်။ သူတို့ထဲမှ Michelis ဆိုသူက ``ဘုရားရှင်က ငါတို့ကို ဘာကြောင့် အသက်ရှင်ခွင့်ပေးတာလဲ။ သူဖန်ဆင်းထားတာတွေ သန့်သွားအောင် ငါတို့ကို သတ်လိုက်ပါလား။´´ ဟူ၍ပြောရာ အခြားတစ်ဦးက ``ဒီမှာ Michelis မင်းကို သတ်လည်း မထူးပါဘူး။ ဘုရားရှင်က အိုးထိန်းလေ။ သူက ရွံ့ နဲ့ဘဲ အလုပ်လုပ်တယ်´´ ဟု ပြန်ဖြေခဲ့သည်။
ကမ္ဘာဦးကျမ်းအစက ဘုရားရှင်သည် ရွံ့ ဖြင့် အလုပ်လုပ်ခဲ့သည်။ အချုပ်အခြာ အာဏာပိုင်သော ဖန်ဆင်းရှင်သည် လူသားတို့ကို တမူထူးခြားသော ပုံစံဖြင့် မြေမှုန့်မှ ပုံဖော်ခဲ့သည်။ ကမ္ဘာဦးကျမ်း ၂း၇ ရှိ ``ဖန်ဆင်းခြင်း´´ ဟူသော စကားလုံးသည် ပန်းချီ ပန်းပု အနုပညာရှင်တို့၏ ဖန်တီးချက်လက်ရာ (ပုံစံ) ကို ရည်ညွှန်းသည်။ အိုးလုပ်သားတစ်ဦးသည် ရွှံ့ ဖြင့် မြေအိုးအသုံးအဆောင်များကို ပုံစံလောင်း၊ ပုံသွင်းသကဲ့သို့ ဘုရားသခင်သည် လူသားတို့ကို မြေမှုန့်ဖြင့် ဖန်ဆင်းခဲ့သည်။
မြေမှုန့်၊ ရွှံ့ များဖြင့် လောင်းထားသော လူပုံသဏ္ဍာန်ကို ဘုရားသခင်သည် ထပ်မံ၍ ဇီဝအသက်ကို မှုတ်သွင်းကာ သက်ရှိအသွင်ပြောင်းခဲ့သည်။ ဤသို့ဖြင့် လူသည် ဘုရားကို အစေခံနိုင်သော၊ မိတ်သဟာယဖွဲ့နိုင်သော ဂုဏ်ရည်ရှိသည့် အသက်ရှိသော သတ္တ၀ါဖြစ်လာသည်။
အာဒံနှင့် ဧ၀တို့ အပြစ်ပြုပြီးနောက် ဘုရားသခင်သည် ရွှံ့ ဖြင့် ဆက်၍ပုံဖော်ရပြန်သည်။ တစ်ပါးတည်းသောသားတော် သခင်ယေရှုကို လူ့လောကသို့ စေလွှတ် အသေခံစေခဲ့ပြီး သူ့အား လက်ခံယုံကြည်သူများကို ပြန်လည်ဖြစ်ပွားစေသည်။ ထို့ကြောင့်လည်း ကျွန်ုပ်တို့ ကိုယ်တော်နှင့် မိတ်သဟာယ ဖွဲ့လျှက် ၀မ်းမြောက်နိုင် ပျော်မွေ့နိုင်ရပါသည်။ ကျေးဇူးသိသောစိတ်ဖြင့် ဘုရားသခင်၏ ဘုန်းဂုဏ်တော် ထင်ရှားစေရေး ကျွန်ုပ်တို့၏ လက်များဖြင့် ကောင်းမှုကုသိုလ်ပြုကြပါစို့။ - Marvin Williams

လူ၏ရုပ်ခန္ဓာကို မြေမှုန့်ဖြင့် ပုံဖော်ကာ သဏ္ဍာန်တော်နှင့်အညီ ဘုရားဖန်ဆင်းခဲ့
ထိုမျှမက ဒုတိယမွေးခြင်းဖြင့် ခရစ်တော်၌ရှိ လူသားအားလုံးအတွက်
ထာဝရအသက်ကိုလည်း ပေး၏။ - Hess
-----------------------
ဘုရားရှင်တစ်ပါးတည်းသာလျှင် ညစ်ပေမှုများကို ပြန်လည်သန့်စင်ပေးနိုင်သူဖြစ်၏။