နေ့စဉ်ခွန်အား
 

Burmese Bible       Burglish Version - Test Page     ODB Sep~Nov

<

NOVEMBER  2009

>

S M T W T F S   S M T W T F S
1 2 3 4 5 6 3   21 22 23 24 25 26 27
7 8 9 10 11 12 13   28 29 30        
14 15 16 17 18 19 20                

နိုဝင်ဘာလ (၁၉)ရက်၊ ကြာသပတေးနေ့
တန်ဖိုးကြီးသောအသီး ဖတ်ရန်၊ ဂလာ ၅း၂၂-၂၆

ဝိညာဉ်ပကတိ၏ အကျိုးမူကား ချစ်ခြင်း၊ ၀မ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်းပေတည်း။ ဂလာ ၅း၂၂-၂၃

သမ္မာကျမ်းစာတစ်နှစ်တာ။ ဇေ ၁၁-၁၃၊ ယာ ၁

သစ်သီးတစ်လုံးကို ငွေမည်မျှပေး၍ ၀ယ်မည်နည်း။ ဂျပန်နိုင်ငံတွင် Densuke ဖရဲသီးတစ်လုံးကို ဒေါ်လာ ၆၀၀၀ ကျော်ပေးရသည်။ ဘိုးလင်းဘောလုံး သဏ္ဍာန်ရှိ အစိမ်းရင့်ရောင် လှပလုံးဝန်းသော ထိုဖရဲသီးကို ဂျပန်နိုင်ငံမြောက်ပိုင်း ဟော့ကိုင်းဒိုးကျွန်းတွင်သာ စိုက်ပျိုးသည်။ ထိုနှစ်က ဖရဲသီး အရေအတွက်မှာ ထောင်ဂဏန်းမျှသာ ထွက်ရှိသဖြင့် ရှားရှားပါးပါး ၁၈ ပေါင်ခန့် အလေးချိန်ရှိသည့် ထိုဖရဲသီးကြီးသည် ဈေးကွက်၌ တန်ဖိုးကြီး ဈေးကောင်းရခဲ့သည်။
ယုံကြည်သူများ၌လည်း ထို Densuke ဖရဲသီးထက် သာ၍ တန်ဖိုးကြီးသောအသီးများ ရှိပါသည်။ ၄င်းတို့မှာ ``ချစ်ခြင်း၊ ၀မ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်း´´ (ဂလာ ၅း၂၂-၂၃) ဟူသည့် ၀ိညာဉ် အသီးများပင်ဖြစ်သည်။ ၀ိညာဉ်အသီး တစ်လုံးစီတိုင်းသည် ခရစ်တော်နှင့် သဏ္ဍာန်တူကြောင်း လက္ခဏာများပင်ဖြစ်သည်။ ခရစ်ဝင်ကျမ်းများ၌ ထို မြင့်မြတ်သော အကျင့်ကောင်းများကို သခင်ယေရှု သာဓကပြခဲ့ပါသည်။ ယခု ကျွန်ုပ်တို့၏ အပြောအဆို အကျင့်အကြံများ၌၊ ဘ၀လောကဓံကို တုံ့ပြန် ရင်ဆိုင်ရာ၌ ကျွန်ုပ်တို့၏ နှလုံးသားတွင် ထိုအသီးများ ထွက်ပေါ်စေရန် သခင်အလိုရှိသည် (ယော ၁၅း၁-၄)။
ရှားပါး၍ အရသာရှိသောအသီးက ဈေးကောင်းရနိုင်၏။ သို့သော် ခရစ်တော်နှင့် သဏ္ဍာန်တူသော စရိုက်လက္ခဏာက သာ၍ တန်ဘိုးကြီးသည်။ အပြစ်များအားလုံးကို ၀န်ချတောင်းပန်ပြီး မိမိအတွင်းရှိ ၀ိညာဉ်တော်၏ အုပ်စိုးမှုကို ၀န်ခံပါက ကျွန်ုပ်တို့၏ အသက်တာများသည် ခရစ်တော်၏ သဏ္ဍာန်တော်အတိုင်း ပြောင်းလဲသွားမည်ပင် (၁ ယော ၁း၉၊ ဧ ၅း၁၈)။ ထိုဝိညာဉ်အသီးများသည် မိမိအသက်တာကို ၀မ်းမြောက်ခြင်းနှင့် ပြည့်စေပါ၏။ တစ်ပါးသူအတွက် ကောင်းချီးဖြစ်စေပါ၏။ ထာဝရကာလတိုင် တည်မြဲ၏။ - Dennis Fisher

ပျောက်ပျက်သွားမည့် အပြင်ပန်းသဏ္ဍာန် လှပမှုကို မစဉ်းစားပါနှင့်
နှလုံးသားအတွင်း၌ ရှင်သန်သော ၀ိညာဉ်တော်၏ အသီးများကိုသာ ပြုစုပျိုးထောင်ပါ။ - D. De Haan
--------------------------
ခရစ်တော်နှင့် ရင်းနှီးကျွမ်းဝင်ခြင်းအပေါ်၌ မူတည်၍ ခရစ်တော်အတွက် အသီးသီးနိုင်လိမ့်မည်။