နေ့စဉ်ခွန်အား
 

Burmese Bible       Burglish Version - Test Page     ODB Sep~Nov

<

NOVEMBER  2009

>

S M T W T F S   S M T W T F S
1 2 3 4 5 6 3   21 22 23 24 25 26 27
7 8 9 10 11 12 13   28 29 30        
14 15 16 17 18 19 20                

ိုနိုဝင်ဘာလ (၂၀)ရက်၊ သောကြာနေ့
ပြိုင်ဖက်အား ကူညီခြင်း ဖတ်ရန်။ ၁ ပေ ၄း၇-၁၁

သင်တို့သည် ဆုကျေးဇူးတော်ကို အသီးသီး ခံရကြသည်နှင့်အညီ ဘုရားသခင်၏ အထူးထူးအပြားပြားသော ကျေးဇူးတော် ဘဏ္ဍာစိုးကောင်းကဲ့သို့ အချင်းချင်း ဝေငှပေးကမ်းကြလော့။ ၁ ပေ ၄း၁၀

သမ္မာကျမ်းစာတစ်နှစ်တာ။ ယေဇ ၁၄-၁၅၊ ယာ ၂

Wester Oregon တက္ကသိုလ်၏ softball ကစားသမားတစ်ဦးဖြစ်သည့် Sara Tucholsky သည် Central Washington နှင့်ယှဉ်ပြိုင်သော ပွဲတွင် ဘောလုံးကို ရိုက်၍ ကွင်းကို ပြေးပတ်ရာတွင် စိတ်လှုပ်ရှားသဖြင့် ပထမဆုံး ထိရမည့်အမှတ်ကို မထိဘဲ လွတ်သွားသည်။ ထို့ကြောင့် အမှားကိုပြင်ရန် ချက်ခြင်း ပြန်အဆုတ်တွင် ဒူးကိုထိခိုက်မိ၍ လဲသွားသည်။ နာကျင်လှစွာ မျက်ရည်ကျလျက် သတ်မှတ်ထားသော အမှတ်ဆီသို့ တွားလျက် အရောက်ပြန် ခဲ့သည်။ ပြိုင်ပွဲစည်းကမ်းအရ ပန်းတိုင်အရောက် သူကိုယ်တိုင် သတ်မှတ်ထားသော အမှတ်လေးခုစလုံးကို ထိပြီး ပြေးရမည်ဖြစ်သည်။ သူ၏ အသင်းသားအချင်းချင်းမှ ကူ၍မရပါ။ ထိုအချိန်တွင် တစ်ဖက်အသင်းမှ ပထမဆုံးပြေးရမည့် ကစားသမား Mallory Holtman က ``ကျွန်မတို့သူ့ကို ချီရင်းပြေးရင် ရလား´´ ဟု မေးလိုက်သည်။ ဒိုင်လူကြီးများက တိုင်ပင်ညှိနှိုင်းကာ သဘောတူလိုက်သည်။ ထို့ကြောင့် Mallory နှင့် အခြားအဖွဲ့သားများ ကလည်း လက်များကို ကုလားထိုင်ပုံစံပြုလုပ်ကာ Sara အား သယ်ဆောင်သွားသည်။ ထိုသို့ သယ်သွားစဉ် အကြင်နာတရားဖြင့် ကိုယ်ကျိုးမငဲ့သော ထိုအပြုအမူအတွက် လူအများက သြဘာပေးခဲ့ပြီး Sara လည်း ပန်းတိုင်သို့ ရောက်ခဲ့ရသည်။
ခရစ်တော်နောက်လိုက်သူများအတွက် ထိုသင်ခန်းစာမှ ရှင်းလှပါသည်။ မိမိ၏ ယုံကြည်သူမိတ်ဆွေများ ထိခိုက်မိပြီး လဲကျချိန်၌ ထိုအားကစားသမား တို့၏ စံနမူနာအတိုင်း လိုက်လျှောက်သင့်ပါသည်။ သင့်လက်ကို ကမ်းလိုက်ပါ။ လဲနေသူကို ဆွဲထူသယ်ပိုးသွားပါ။ ထိုအမှုအရာသည် ``ဘုရားသခင်၏ အထူးထူး အပြားပြားသော ကျေးဇူတော် ဘဏ္ဍာစိုးကောင်းကဲ့သို့ အချင်းချင်းဝေငှပေးကြ ...´´ (၁ ပေ ၄း၁၀) ရန်မှာ အံ့ဖွယ်အခွင့်ထူးပင် ဖြစ်တော့သည်။ - Dave Egner

ခရစ်ယန်မိတ်ဆွေချင်းတစ်ဦး လဲကျချိန်၌ ပြန်ရပ်နိုင်အောင် အကူအညီလိုအပ်ပါသည်။
သူ့အခြေအနေကို လျစ်လျူမထားဘဲ လက်ကိုဆန့်၍ ကမ်းလှမ်းလိုက်ပါ။ - Sper
---------------
အခြားသူများ၏၀န်ကို ပေါ့စေသူသည် လောကမြေ၌ အသုံးကျသူများဖြစ်သည်။ - Charles Dickens