နေ့စဉ်ခွန်အား
 

Burmese Bible       Burglish Version - Test Page     ODB Sep~Nov

<

NOVEMBER  2009

>

S M T W T F S   S M T W T F S
1 2 3 4 5 6 3   21 22 23 24 25 26 27
7 8 9 10 11 12 13   28 29 30        
14 15 16 17 18 19 20                

ိုနိုဝင်ဘာလ (၂၁)ရက်၊ စနေနေ့
စိတ်ကူး၍ပင်မမီနိုင် ဖတ်ရန်၊ ဗျာ ၂း၁-၈

ဘုရားသခင်ကို ချစ်သောသူတို့ အဘို့အလို့ငှာ ဘုရားသခင် ပြင်ဆင်တော်မူသော အရာတို့ကို လူ့မျက်စိဖြင့်မမြင်၊ နားဖြင့်မကြား၊ စိတ်နှလုံးဖြင့် မကြံစည်သေး။ ၁ ကော ၂း၉

သမ္မာကျမ်းစာတစ်နှစ်တာ။ ယေဇ ၁၆-၁၇၊ ယာ ၃

ခရစ်ယာန်ကောလိပ် ကျောင်းတစ်ကျောင်းမှ ပါမောက္ခတစ်ယောက်သည် ကောင်းကင်နိုင်ငံတော်နှင့် ပတ်သက်၍ ကျောင်းသားများ၌ လွဲမှားသော အမြင်ရှိနေသည်ကို သတိထားမိသည်။ သူတို့က ကောင်းကင်နိုင်ငံတော်သည် တိတ်ဆိတ်လျက် ပျင်းစရာကောင်းသောနေရာဟု တွေးထင်ကြသည်။ သူတို့၏အတွေးကို နှိုးဆော်ရန် ဆရာသည် အောက်ပါမေးခွန်းများကို မေးမြန်းခဲ့သည်။
“မနက်ဖြန်မှာ သင်နိုးထလာတဲ့အခါ မင်းအချစ်ရဆုံးသူက မင်းကိုပိုပြီးချစ်လာတယ်လို့ မခံစားရချင်ဘူးလား။ ခါတိုင်းကြားရတဲ့ ကိုယ်အကြိုက်ဆုံး သီချင်းကို သူငါ့ကို ပိုချစ်လာတယ်လို့ ခံစားချက်နဲ့ ၀မ်းမြောက်စိတ်နဲ့ နားမထောင်ချင်ဘူးလား။ နေ့သစ်မှာ အလွန်တရာ ငြိမ်းချမ်းသာယာမှုကို မခံစား မတွေ့ချင်ဘူးလား။ အပြစ်ရှိတဲ့ ခံစားချက်တွေ ကင်းစင်နေတဲ့ နေ့သစ်မှာ မနိုးထချင်ဘူးလား။ ကိုယ့်ကိုကိုယ် အတွင်းကျကျ ပြန်သုံးသပ်ပြီး မိမိကိုယ်ကို နှစ်သက်တာမျိုး မခံစားချင်ဘူးလား။ လေပြေညင်းကို ရှုရှိုက်နှစ်သက်ရသလိုမျိုး ဘုရားအပေါ် မွေ့လျော် မခံစား ချင်ဘူးလား။ ပြီးတော့ လူတွေကိုလည်း မချစ်ချင်ဘူးလား။”
ပါမောက္ခ၏ ဆန်းကြယ်သောမေးခွန်းများကို တုံ့ပြန်သည့်အနေဖြင့် ကျောင်းသားများအားလုံး သူတို့လက်ကို မြှောက်ပြကြသည်။ ကောင်းကင် နိုင်ငံတော်သည် ထိုသို့ဖြစ်မည်ဆိုလျှင် ထို့ထက်ပင် ပိုမည်ဆိုလျှင် သူတို့ ထိုနေရာမှာပင် အမှန်နေချင်ကြလိမ့်မည်။
“သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှာ ငါသွားရ၏” ဟု သခင်ခရစ်တော်က သူ၏တပည့်တော်များကို ပြောကြားခဲ့သည် (ယော ၁၄း၂)။ ဘုန်းတော်နှင့် ပြည့်သောအိမ်တော်၌ ထာဝရနေရရန်မှာ ကျွန်ုပ်တို့အားလုံး၏ နက်ရှိုင်းသောဆန္ဒဖြစ်သည်။ ထိုနေရာသည် ဖော်မပြနိုင်လောက်အောင် ချမ်းသာသုခနှင့် ပြည့်စုံသောနေရာ တစ်ခုဖြစ်သည်။ အကြီးမြတ်ဆုံးသောမင်္ဂလာမှာ ကျွန်ုပ်တို့၏ သခင်ယေရှုခရစ်တော် ကိုယ်တော်တိုင် ထိုနေရာ၌ ရှိနေခြင်းပင်ဖြစ်သည်။ - Vernon Grounds

ကောင်းကင်ဘုံသို့ ၀င်စားရလျှင် ၀မ်းမြောက်ဘွယ်နေ့အတိဖြစ်လိမ့်
ယေရှုမျက်နှာတော်မြင်ရပြီး အောင်ခြင်းသီချင်းကျူးဆိုအံ့။ - Hewitt
------------------------------
ကမ္ဘာလောကရှိ အကြီးမားဆုံးပျော်ရွှင်မှုက
ကောင်းကင်နိုင်ငံတော်ရှိ ပျော်ရွှင်မှုကို မယှဉ်သာပါ။