နေ့စဉ်ခွန်အား
 

Burmese Bible       Burglish Version - Test Page     ODB Sep~Nov

<

NOVEMBER  2009

>

S M T W T F S   S M T W T F S
1 2 3 4 5 6 3   21 22 23 24 25 26 27
7 8 9 10 11 12 13   28 29 30        
14 15 16 17 18 19 20                

ိုနိုဝင်ဘာလ (၂၃)ရက်၊ တနင်္လာနေ့
ယူကြုံးမရ၀မ်းနည်းစရာ မဖြစ်ရအောင် ဖတ်ရန်၊ ၂ ရာ ၁၈း၃၁-၁၉း၎

ရှင်ဘုရင်သည် အလွန်ကြင်နာသောစိတ်ရှိသဖြင့် မြို့တံခါးအပေါ်၌ ရှိသောတဲသို့တက်၍ ... ငိုကြွေးလေ၏။ ၂ရာ ၁၈း၃၃

သမ္မာကျမ်းစာတစ်နှစ်တာ။ ယေဇ ၂၀-၂၁၊ ယာ ၅

၁၉၈၀ နှစ်များအတွင်းက Mike and the Mechanics အင်္ဂလိပ်တီးဝိုင်းအဖွဲ့မှ “အသက်ရှင်သည့်နှစ်များ” ဟူသည့် နာမည်ကျော် တေးစီးရီးကို အသံသွင်း ဖြန့်ချိခဲ့ကြသည်။ သီချင်းရေးဆရာက ကွယ်လွန်သူဖခင်ကြီးကို တမ်းတလျှက် ကြေကွဲခံစားကာ သီချင်းရေးဖွဲ့ထားသည်။ သူနှင့် သူ့ဖခင်၏ဆက်ဆံရေးမှာ ဝေမျှခံစားခြင်းထက် နှုတ်ဆိတ်ခြင်းဖြင့် တင်းမာခဲ့သည်။ “အဖေ့ကို ပြောစရာရှိတဲ့စကားတွေ မပြောခဲ့ရဘူး” ဟု နောင်တနှင့် သူဆိုသည်။ မပြောခဲ့ရသောစကားများ၊ မပြခဲ့သောမေတ္တာများအတွက် နောင်တတရားနှင့်ခံစားရလျက် “အဖေအသက်ရှင်နေ တုန်းက အဖေ့ကို ပြောစရာရှိတာတွေ ပြောခဲ့ရရင်ကောင်းမယ်” ဟု မြည်တမ်းခဲ့သည်။
ထိုနည်းတူစွာ ဒါဝိဒ်မင်းသည်လည်း သူ၏သား အဗရှလုံနှင့် ဆက်ဆံရေးပျက်ပြားခဲ့၍ နောင်တရခဲ့သည်။ အဗရှလုံ၏နှမ တာမာကို အစ်ကိုတော် အာမနုန်က အဓမ္မကြံခဲ့ပြီး၊ အာမနုန်ကို ဖခင်ဒါဝိဒ်မင်းက အပြစ်ဒဏ်မပေးခဲ့၍ ဒေါသအမျက်ထန်စွာ အာမနုန်ကိုသတ်လျက် အဗရှလုံ ထွက်ပြေးခဲ့သည် (၂ ရာ ၁၃း၂၁-၃၄)။ ဒါဝိဒ်၏ကျွန် ယွာဘက ထွက်ပြေးသွားသောသားထံ ဒါဝိဒ်မင်းသွားချင်ကြောင်း သိသဖြင့် အဗရှလုံအား သူ၏ရှေ့တော်သို့ ဆောင်ခဲ့ရန် စီမံပေးခဲ့သည်။ သို့သော်လည်း ယခင်က ဆက်ဆံရေးမျိုး ဘယ်တော့မှ ပြန်မရတော့ပါ။ အဗရှလုံ၏ နာကျည်းမှုက ဘုရင်ကို ပုန်ကန်သည်အထိ ကြီးမားခဲ့ပြီး သူအသတ်ခံရခြင်းဖြင့် အဆုံးသတ်ခဲ့သည် (၂ ရာ ၁၈း၁၄)။ ပုန်ကန်သောသားကို နှိမ်နင်းနိုင်ခဲ့ သော်လည်း ၄င်းသည် ဒါဝိဒ်မင်းအတွက် ခါးသီးသော အောင်ပွဲတစ်ခုဖြစ်ပြီး သားကိုဆုံးရှုံးရခြင်း၊ သူတို့သားအဖ၏ ဆက်ဆံရေး ပျက်ပြားခြင်း ကြောင့် ငိုကြွေးမြည်တမ်းခဲ့ရသည် (၂ ရာ ၁၈း၃၃)။ မည်မျှပင် ၀မ်းနည်းပူဆွေးရလည်း ဒါဝိဒ်၏ နှလုံးနာကျင်မှုကို မကုစားနိုင်ပါ။
ဆက်ဆံရေးပျက်ပြားသည့် ပြဿနာများနှင့် ကြုံတွေ့ရသောအခါ ကျွန်ုပ်တို့သည် ဒါဝိဒ်၏နောင်တမှ သင်ခန်းစာရယူနိုင်ပါသည်။ ပြန်လည် မှန်ကန် တည့်မတ်အောင် ကြိုးစားရာ၌ နာကြင်မှုက ပြင်းထန်နိုင်သည်။ သို့သော် “အသက်ရှင်နေစဉ်” အတွင်း ပြန်လည်တည့်မတ်ကောင်းမွန် အောင် လုပ်ဆောင်ခြင်းက ပို၍ကောင်းပေ၏။ - Bill Crowder

သူတစ်ထူးအား နာကျင်စေလျှင် ယခုသွား၍ သင့်မြတ်ပါ။
ညီညွတ်ပါမှ ဘုရားမျက်မှောက်၌ ဂုဏ်ရှိမှာ။ - Fitzhugh
---------------------------
သင်၌ ပြင်လိုသောဆန္ဒရှိမှသာ ပျက်ပြားနေသောဆက်ဆံရေးကို ပြန်လည်ပြုပြင်၍ ရနိုင်သည်။