နေ့စဉ်ခွန်အား
 

Burmese Bible       Burglish Version - Test Page     ODB Sep~Nov

<

NOVEMBER  2009

>

S M T W T F S   S M T W T F S
1 2 3 4 5 6 3   21 22 23 24 25 26 27
7 8 9 10 11 12 13   28 29 30        
14 15 16 17 18 19 20                

ိုနိုဝင်ဘာလ (၂၄)ရက်၊ အင်္ဂါနေ့
အလုပ်အကျွေးပြု အစေခံရန် ဖတ်ရန်၊ မာ ၁၀း၃၅-၄၅

လူသားသည် သူတစ်ပါးကို စေစားခြင်းငှာ မလာ၊ သူတစ်ပါးကို အစခံခြင်းငှာ ကြွလာတော်မူ၏။ မာ ၁၀း၄၅

သမ္မာကျမ်းစာတစ်နှစ်တာ။ ယေဇ ၂၂-၂၃၊ ၁ ပေ ၁

ဂျော့ဒဗလျူဘုရှ်သမ္မတဖြစ်ခဲ့စဉ်က နိုင်ငံရပ်ခြားတွင် စစ်မျက်နှာဖြန့်လျက်ရှိသော တပ်သားများအား ကျေးဇူးတော်ချီးမွမ်း ညစာစားပွဲခြင့် တည်ခင်းဧည့်ခံရန် ရုတ်တရက် သွားရောက်ခဲ့သည်။ ထိုသတင်းကို သတင်းထောက်တစ်ဦးက ``လူအချို့ သည် ဤစားသောက်ပွဲကို အမှတ်တရ ရှိနေကြလိမ့်မည်။ သို့သော် သမ္မတကြီးက ဘယ်သူ့ကိုမဆို အစေခံ အလုပ်အကျွေး ပြုနေရတာပဲ။ တစ်ခါတစ်ရံမှ လုပ်တာမဟုတ်တာ´´ ဟု မျက်နှာဖုံးသတင်း၌ ထိုအတွေးအမြင်ဖြင့် သတင်းရေးခဲ့သည်။
ရွေးကောက်ခံရသော အစိုးရအမှုထမ်းများသည် ပြည်သူတို့၏ အစေခံများဖြစ်ပြီး အစဉ်သဖြင့် အလုပ်အကျွေးပြု အစေခံလျက်ရှိကြသည်။ သို့ဖြစ်၍ အစေခံသောလုပ်ရပ်သည် နေ့တစ်နေ့၏ သတင်းကြီးတစ်ပုဒ် မဖြစ်သင့်သလော။
လူအများ၌ အခြားသူများကို အစေခံရန် ဆန္ဒအမှန်ရှိကြသည်။ သို့သော် လူအချို့ က မိမိကိုယ်ကျိုးအတွက် အစေခံခြင်းဖြစ်သည်။ သခင့်နောက်သို့လိုက်လျှင် သူတို့ ကြီးမြတ်ကျော်ဇောလိမ့်မည် ဟု တပည့်တော်တို့ ထင်မြင်လျက် သူတို့အကျိုးအလို့ငှာ အစေခံကြသည်။
သို့သော် ကိုယ်တော်က သူတို့ကို မနှေးအမြန် ပြန်၍ ပြုပြင်တည့်မတ်ပေးခဲ့သည်။ ``ယေရှုသည် ထိုသူတို့ကို ခေါ်တော်မူ၍ သင်တို့သိသည်အတိုင်း လောကီမင်းတို့သည် အစိုးတရပြုတတ်ကြ၏။ အကဲအမှူးတို့သည် အာဏာထားတတ်ကြ၏။ သင်တို့မူကား ထိုသို့မပြုကြနှင့်။ သင်တို့တွင် အကဲအမှူးပြုလိုသောသူသည် သင်တို့အစေခံ ဖြစ်ရမည်´´ (မာ ၁၀း၄၂-၄၃)။ သခင်ယေရှုက သူတို့အား အစေခံများဖြစ်ရန် သွန်သင်နေခြင်းဖြစ်ကြောင်း ရှင်းရှင်းသိစေခဲ့သည် (မာ ၁၀း၄၄)။
ကျွန်ုပ်တို့သည် မည်သည့်ခေါင်းဆောင်မှု သင်တန်းများကိုမဆို စာရင်းပေး တက်ရောက်နိုင်ကြသည်။ သို့သော် ပထမဦးစွာမှအစ အစေခံကောင်းဖြစ်သူတို့သာလျှင် ခေါင်းဆောင်ကောင်းများ ဖြစ်ကြသည်။ - Julie Ackerman Link


မေတ္တာဖြင့်ဦးဆောင်လျက် နှိမ့်ချခြင်းဖြင့် အစေခံလျှင် ခေါင်းဆောင်အစစ်အမှန်ပင်။
သူ့အသက်တာ၌ ၀ိညာဉ်အသီးတည်လျက် နှုတ်ကပတ်တော်ကို ထင်ရှားစေ၏။ - D. De Haan
------------------------------
ခေါင်းဆောင်ကောင်းတစ်ယောက်သည် အစေခံကောင်းတစ်ယောက်ဖြစ်သည်။