နေ့စဉ်ခွန်အား
 

Burmese Bible       Burglish Version - Test Page     ODB Sep~Nov

<

NOVEMBER  2009

>

S M T W T F S   S M T W T F S
1 2 3 4 5 6 3   21 22 23 24 25 26 27
7 8 9 10 11 12 13   28 29 30        
14 15 16 17 18 19 20                

ိုနိုဝင်ဘာလ (၂၇)ရက်၊ သောကြာနေ့
အလွန်ချစ်သည် ဖတ်ရန်၊ ဧ ၃း၁၄-၂၁

အနံအလျား အနက်အမြင့်တို့ကို ပိုင်းခြား၍သိခြင်းငှာ၎င်း၊ ကိုဥာဏ်နှင့်မသိနိုင်သော ခရစ်တော်၏မေတ္တာတော်ကို သိနားလည်ခြင်းငှာ၎င်း ... ငါသည် ဆုတောင်းလေ့ရှိ၏။ ဧ ၃း၁၉

သမ္မာကျမ်းစာတစ်နှစ်တာ။ ယေဇ ၃၀-၃၂၊ ၁ ပေ ၎

ကျေးဇူးတော်ချီးမွမ်းညစာစားရန် ကျွန်မတို့မိသားစုများ စုဝေးကြစဉ် ကျေးဇူးတော်ချီးမွမ်းစရာတွေ တစ်ယောက်ချင်းစီ ဝေငှရင် မကောင်းဘူးလားဟု စလိုက်ရာမှ တစ်ယောက်ပြီးတစ်ယောက် ကျွန်မတို့ ဝေငှကြသည်။ သုံးနှစ်အရွယ် ယောရှုက ``တေးဂီတ´´ အတွက် ကျေးဇူးတင်ပြီး လေးနှစ်သား နေသန်က ``မြင်းများ´´ အတွက် ကျေးဇူးတော်ချီးမွမ်းသည်။ ကျွန်မတို့အားလုံး ဆိတ်ငြိမ်စွာ နားထောင်ကြသည်။ သို့သော် မကြာမီ ငါးနှစ်ပြည့်မည့် စတီဗင်က ``သခင်ယေရှု ကျွန်ုပ်ကို အလွန်ချစ်သည့်အတွက် ကျေးဇူးတင်ပါတယ်´´ ဟု ဖြေကြားခဲ့သည်။ ရိုးစင်းသော ယုံကြည်ခြင်းဖြင့် သခင်ယေရှု သူ့အပေါ်ထားသည့် မေတ္တာကို ကိုယ်တိုင်ကိုယ်ကျ နားလည်ပြီး စတီဗင် ကျေးဇူးတော် ချီးမွမ်းခဲ့သည်။ သခင်ယေရှုသည် လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံခြင်းအားဖြင့် သူ၏မေတ္တာကို ပြသခဲ့ကြောင်း ပြောပြသည်။
တမန်တော် ရှင်ပေါလုသည် ဧဖက်မြို့အသင်းတော်ရှိ ယုံကြည်သူတို့အား သခင်ဘုရားသည် သူတို့ကို အဘယ်မျှကောင်းစွာ ချစ်ကြောင်း နားလည်စေလိုသည်။ ``သင်တို့သည် သန့်ရှင်းသူ အပေါင်းတို့၏ နည်းတူ အနံ အလျား၊ အနက် အမြင့်တို့ကို ပိုင်းခြား၍ သိခြင်းငှာ၎င်း၊ ကိုယ်ဥာဏ်နှင့်မသိနိုင်သော ခရစ်တော်၏ မေတ္တာတော်ကို သိနားလည်ခြင်းငှာ၎င်း၊ ငါသည် ဆုတောင်းလေ့ရှိ၏´´ (ဧ ၃း၁၇-၁၉)။ ထိုမေတ္တာ၌ သူတို့စိုက်ပျိုးခြင်း၊ တိုက်မြစ်ချခြင်းရှိစေရန် ရှင်ပေါလု ဆုတောင်းခဲ့သည်။
ဤကျမ်းချက်ကို မကြာခဏ ဆင်ခြင်ရွတ်ဖတ် ကျက်မှတ်ခြင်းက သခင်ဘုရား၏ မေတ္တာ၌ တိုက်မြစ်ကျရေးအတွက် အထောက်အကူဖြစ်လိမ့်မည်။ ကျွန်မတို့အပေါ် ထားရှိသော မေတ္တာတော်ကို နည်းအမျိုးမျိုးဖြင့် အတိအကျ ဖော်ပြသည့် ဘုရားသခင်အား နေ့စဉ် မိနစ်အနည်းငယ် အချိန်ယူလျက် ကျေးဇူးတင်နိုင်သည်။ ထိုသို့ပြုလျှင် ယုံကြည်ခြင်း ကြီးထားလာအောင် မစဖြစ်ပြီး သခင်ယေရှုသည် ကျွန်ုပ်တို့အား ``အလွန်´´ ချစ်သည်ဟု စတီဗင် ကျေးဇူးတင်သကဲ့သို့ ကျေးဇူးတင်နိုင်ပေလိမ့်မည်။ - Anne Cetas

ဘုရား၏ မေတ္တာတော် ဖြူစင်ကြွယ်ဝပေ၊ အတိုင်းမသိများ၍ ခိုင်မာပေ။
ထာဝရတည်ကြောင်း သန့်ရှင်းသူနှင့် ကောင်းကင်တမန်တို့ ချီးမွမ်းပေ။ - Lehman
---------------------
ခရစ်တော်အပေါ်ထားသော သင့်မေတ္တာကို ပြန်လည်အားသစ်လောင်းရန်
သင့်အပေါ်ထားသော ခရစ်တော်၏မေတ္တာကို ပြန်လည်ဆင်ခြင်ပါ။